စစ်ကြောင်းထိုးဖို့ ရှေ့ပြေးကင်းလာထောက်တဲ့ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေ

0 21
0 21

အုတ်ဖို၊ စက်တင်ဘာ ၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ စဥ့်ကူးကျေးရွာအနီး ဆည်ဘောင်ပေါ်မှာ စစ်ကြောင်းထိုးဖို့ ရှေ့ပြေးကင်းလာထောက်တဲ့ ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) ဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့လယ် ၂ နာရီခန့်မှာ အေးမြသာယာမြို့ဘက်ကနေ အင်အား ၁၀ ဦး၊ ဆိုင်ကယ် ၅ စီးနဲ့ လာတဲ့ အေးမြသာယာမြို့က ပျူစောထီးခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆည်ဘောင်အတိုင်းကင်းပတ်လာတာ။ စစ်ကြောင်းထိုးဖို့ရှိတယ်ဆိုတော့။ ကျနော်တို့ ပထမရက်တွေကတည်းက သွားစောင့်နေတာ။ အဲ့နေ့ကမလာဘူး။ ပစ်ခတ်မှုကမကြာဘူး။ ကျနော်တို့ပစ်တော့ ဝရုန်းသုန်းကားနဲ့ပြန်ပြေးသွားတာ။ ခပ်ဝေးဝေးကပစ်တာ။ လိုချင်တာက ဝန ကိုလိုချင်တာ။ “လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပျူစောထီးကျော်ဝင်းစိန်သေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းနဲ့ ဆိုင်ကယ်တစီးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းကစလို့ စက်တင်ဘာ ၅ ရက် ဒီနေ့အထိ စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတာမရှိပေမယ့် အုတ်ဖိုမှာတော့ စုဖွဲ့မှုလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကို သိရတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဩဂုတ် ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအနီးမှာ PDF အဖွဲ့ဝင်တွေကို ပေါ်တာဆွဲဖို့ကြိုးစားခဲ့တဲ့ ခမရ ၆ က အရာခံဗိုလ်အပါအဝင် ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။