ထွက်ပြေးလာတဲ့ စစ်ကော်မရှင်ပြည်သူ့စစ်မှုထမ်းတပ်သားတဦး (ရုပ်/သံ)

0 11
0 11

မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအနီး စစ်ကော်မရှင်တပ်စခန်းက ထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ပြင်ဦးလွင်ခရိုင် အမှတ် ၅၀၉ ပြည်သူ့ကာကွယ်ရေးတပ်ရင်းထံမှာ ခိုလှုံလာခဲ့ပါတယ်။

အဲ့ဒီ စစ်မှုထမ်းတပ်သားဟာ မန္တလေးမြို့မှာ အလုပ်လုပ်နေရင်း ယခုနှစ်အစပိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီးနောက် စစ်သင်တန်းတက်ရောက်ခဲ့ရကာ ပြည်သူ့စစ်မှုထမ်းတပ်သားအဖြစ် စစ်ကော်မရှင်တပ်အတွင်းရောက်ရှိခဲ့တာပါ။

စစ်သင်တန်းဆင်းပြီးနောက် မကွေးတိုင်း၊ သရက်မြို့အခြေစိုက် ခလရ ၄၄ ကို ပို့ဆောင်ခံခဲ့ရပြီး အဲ့ဒီကတဆင့် သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်စခန်းတွေကို ဆက်လက်ပို့ဆောင်ခံခဲ့ရတာပါ။

၎င်းကြုံတွေ့ခဲ့ရတဲ့ သပိတ်ကျင်းမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို လူသားဒိုင်းအဖြစ် အသေခံတိုက်ခိုက်ခိုင်းစေတာတွေကို ယခုရုပ်သံမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။