5
မြေလတ်အသံ၊ စက်တင်ဘာ ၃၊ ၂၀၂၅။
မြေလတ်ဒေသကသတင်းတွေကို တင်ဆက်ပေးနေတဲ့ မြေလတ်အသံသတင်းဌာနရဲ့ တနေ့တာသတင်း အစီအစဉ်ဖြစ်ပါတယ်။
- ကာလရှည်တပ်ပြင်ထွက်ခွင့်ပိတ်ခံထားရတဲ့ ပြင်ဦးလွင်ကဗိုလ်လောင်းတွေ အကန့်အသတ်နဲ့ထွက်ခွင့် ပြန်ရ
- ကမ္ဘောဇသာဒီနန်းတော်ကျုံးနဲ့မြို့ရိုး ပြန်တူးဖို့ဆိုကာ စစ်ကော်မရှင်က ကျုံးပတ်လည်နေအိမ်တွေကိုဖယ်ခိုင်းနေပြီး နေအိမ် ၁,၀၀၀ ခန့်ပါဝင်ဟုဆို
- စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကို PDF က ကြားဖြတ်တိုက်လို့ ဗိုလ်ကြီးအပါ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ
- ဘုတလင်နဲ့ယင်းမာပင်မှာ ဆေးရုံနဲ့ နေအိမ်တွေကို စစ်ကော်မရှင်စစ်ကြောင်း မီးရှို့
စတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။