ကူညီထောက်ပံ့မှုတွေ နည်းလာလို့ LPDF အချို့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာ

ဆားလင်းကြီး၊ မတ် ၂၅၊ ၂၀၂၃။

Local PDF တွေအနေနဲ့ ကူညီအထောက်အပံ့ရရှိမှုတွေ အားနည်းလာလို့ ရေရှည်မှာ ရပ်တည်တိုက်ပွဲဝင်ဖို့ ခက်ခဲလာတယ်လို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတခုအနေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ၁ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်ပေမယ့် လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်းတွေကိုသာ အဓိကထားအသုံးပြုတိုက်ခိုက်နေရကာ လက်နက်ထုတ်လုပ်ရေး ကုန်ကျစရိတ်တွေအတွက်လည်း အဖွဲ့သားတွေကကပဲ စိုက်ထုတ်သုံးစွဲနေရလို့ ရေရှည်အတွက် အဆင်မပြေဘူးလို့ ရွှေညီကို မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ကိုယ်တွေဆီမှာ လက်နက်အစစ်တွေမရှိတော့ ထိပ်တိုက်ဆင်နွှဲဖို့က ဘယ်လိုမှအဆင်မပြေဘူး။ အဖွဲ့တည်ထောင်ပြီး တစ်နှစ်ခွဲကျော်မှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲက ၅ ပွဲလောက်ပဲ လုပ်နိုင်ခဲ့တယ်။ အဲဒီမှာ ခေါင်းဆောင်ကျတယ်။ ရဲဘော်တွေ ဒဏ်ရာရတယ်။ ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်” လို့ ပြောပါတယ်။

မောင်းပြန်သေနတ်တွေ ထောက်ပံ့မှုရရှိတာမျိုး မရှိသလို၊ ဝယ်ယူတပ်ဆင်နိုင်တဲ့အခြေအနေမျိုးမရှိလို့ စစ်ကောင်စီနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်တာမျိုး မလုပ်ဆောင်နိုင်ဘဲ မိုင်းဆွဲပစ်ပြေး အခြေနေမျိုးနဲ့သာ တိုက်ပွဲဖော်ဆောင်နေရတယ်လို့ ဆိုပါတယ်။

LPDF တွေအနေနဲ့ လက်နက်ထုတ်လုပ်နိုင်ဖို့နဲ့ အဖွဲ့သားတွေ စားဝတ်နေရေးအတွက် ဒေသအလုပ်တွေမှာ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင် ဝင်ငွေရှာရတဲ့အပြင် ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဆိုင်ကယ်၊ အိမ်ခြံ နဲ့ထွန်စက်စတာတွေကို ရောင်းချပြီး ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေလည်း စကစဘက်ကလာတဲ့ ရေကြောင်းရော၊ ကုန်လမ်းက လာသမျှကို လက်လုပ်တွေနဲ့ပဲ ရသလောက်တိုက်နေတာပဲ။ ယနေ့ထိတော့ NUG အထောက်အပံ့လည်းဘာမှမရဘူး။ ခုနောက်ပိုင်းဆို ပြည်သူတွေကလည်း ပန်းနေပြီ။ သူတို့တောင် စားဖို့အဆင်မပြေတော့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ အဲတော့ရေရှည်မှာ အဖွဲ့တွေရပ်တည်ဖို့တောင် ခက်ခဲလာနိုင်တယ်” လို့ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် BK က ပြောပါတယ်။

ဆားလင်းကြီးဒေသမှာ လှုပ်ရှားနေတဲ့ LPDF အဖွဲ့ ၁၅ ဖွဲ့ထက်မနည်းရှိနေပြီး အများစုဟာ NUG MOD လက်အောက်က မဟုတ်သလို NUG လက်အောက်ဝင်ရောက်ဖို့ တင်ပြထားပေမယ့်လည်း NUG ဘက်က တစုံတရာအသိအမှတ်ပြု တုန့်ပြန်တာမျိုး မရှိဘူလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။