ရှေ့တန်းထွက်ဖို့ ကားမရှိလို့ နွားလှည်းနဲ့ လက်နက်ကြီးသယ်နေရ

0 6
0 6

ဝက်လက်၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် Acid တော်လှန်ရေးအဖွဲ့မှာ ရှေ့တန်းထွက်တဲ့အခါ အသုံးပြုဖို့ ကားမရှိတဲ့အတွက် နွားလှည်းငှားပြီး ရှေ့တန်းအတွက် လက်နက်ကြီးတွေ သယ်နေရတယ်လို့ သိရပါတယ်။

အဖွဲ့မှာရှိတဲ့ ဆိုင်‌‌ကယ်တွေကလည်း ပျက်နေတဲ့အတွက် လူအင်အားနဲ့သယ်ရင်လည်း ခရီးအဝေးထိ မသွားနိုင်လို့ နီးစပ်ရာ ပြည်သူတွေဆီကနေ နွားလှည်းငှားပြီး သွားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျတော်တို့မှာက ဆိုင်ကယ် ၃ စီးပဲ ရှိတယ်။ တစီးက လတ်တလော အင်ဂျင်ခွဲရမှာ။ တစီးကကျတော့လည်း တမိုင်တောင် မရောက်သေးဘူး ထိုးထိုးရပ်သွားတာ။ အရင်က ဆိုင်ကယ်နဲ့ သွားတယ်။ ခုက လုံးဝမှ ဆိုင်ကယ် အဆင်မပြေတဲ့ အချိန်မို့ဗျ။ လူနဲ့ထမ်းဖို့ကျလည်း ကြာကြာမထမ်းနိုင်တော့ နွားလှည်းနဲ့ပဲ သွားလိုက်တာ။ ရေရှည်သုံးဖို့တော့ မပြေဘူး။” လို့ Acid အဖွဲ့ခေါင်းဆာင် ကိုဟယ်ရီက ပြောပါတယ်။

အဖွဲ့မှာကလည်း တိုက်ပွဲဝင်ဖို့ ကားမရှိတဲ့အတွက် ထော်လာဂျီငှားကာ ရှေ့တန်းထွက်လေ့ရှိပြီး၊ အခုကတော့ လတ်တလော အခက်ခဲ ပြေလည်အောင်နဲ့ ကိုယ့်ဘက်က အချိန်ရတဲ့အခါတွေမှာသာ နွားလှည်းအသုံးပြုတာ ဖြစ်ပြီး၊ သွားလာရတာ နှေးကာ အချိန်ကုန်တဲ့အတွက် ရေရှည်တော့ မသုံးဘူးလို့ ဆိုပါတယ်။

Acid အဖွဲ့ဟာ ပြည်သူထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ တော်လှန်ရေးအဖွဲ့တခု ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ မီတာ ၃၀၀ ကနေ ၄၀၀အထိ ပစ်ခတ်နိုင်တဲ့ ရိုင်ဖယ်သေနတ် ထုတ်လုပ်မှု အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။