myaelatt athan

Sharing Information to the Local

ဆားလင်းကြီးမြို့နယ်အတွင်း ပသုံးလုံးနဲ့PDF ကို ဆန္ဒပြမှုဖြစ်စဥ် မရှိခဲ့ကြောင်း ပအဖ ပြော

0 38
0 38

မြေလတ်အသံ၊ ဩဂုတ် ၇၊၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း ပသုံးလုံးနဲ့ PDF ကို ဆန္ဒပြမှုဖြစ်စဥ် မရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ကို လူ ၅၀ ခန့်က ဆန္ဒပြမှုလုပ်ဆောင်ခဲ့တယ်ဆိုကာ လူမှုကွန်ယက်မှာ ရုပ်သံတခုပျံ့နှံ့နေတဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလာတာပါ။

“ ထန်းပုရွာကတော့ဆားလင်းကြီးမြို့နယ်မှာရှိတယ်။ သို့သော် ဒီဆန္ဒပြပွဲက ဆားလင်းကြီးမြို့နယ်မှာဖြစ်ခဲ့တာလည်းမဟုတ်ဘူး။ ဒါကြီးကတမင်သက်သက်မြို့နယ်ရဲ့ပုံရိပ်ကျအောင်လုပ်နေတာပေါ့ စကစရဲ့အကြိုက်ကို လိုက်ပြီး စကစဆီကငွေယူပြီးလုပ်နေတာလို့မြင်တယ်”လို့ ဆားလင်းကြီးမြို့နယ်ပအဖတာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။

အဆိုပါ ရုပ်သံဖိုင်မှာ တရားမျှတဲ့ရွေးကောက်ပွဲဖော်ဆောင်ပေးလိုကြောင်း၊ PDF တွေက ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာ၊ သွားလာမှုခက်ခဲ​အောင်လုပ်တာနဲ့ ဒေသခံ​တွေရဲ့ဘဝလုံခြုံမှုမရှိ​အောင် လုပ်ဆောင်နေကြောင်း၊ PDF အလိုမရှိကြောင်းဆိုကာ အမျိုးသား၊ အမျိုးသမီးလူတစုက လမ်းလျှောက်ဆန္ဒပြနေတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာမှာ ဆန္ဒပြခဲ့ကြောင်း ဖော်ပြကာ ရက်စွဲကိုတော့ ဖော်ပြမထားပါဘူး။

ဒါ့အပြင် ရုပ်သံဖိုင်ပါ နေရာနဲ့လမ်းပိုင်းဟာ ထန်းပုကျေးရွာမဟုတ်ကြောင်းနဲ့ ဆန္ဒပြနေတဲ့ ဒေသခံဆိုသူတွေကိုလည်း မသိရှိဘူးလို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ အဲ့ဒီ ရွာမှာ မြေနီလမ်းမရှိဘူး။ ရွာအဝင်က ကတ္တရာလမ်း၊ ရွာထဲလမ်းတွေက အကုန်ကွန်ကရစ်လမ်းတွေချည်းပဲမြေနီလမ်းမရှိဘူး။ အဲ့ရွာပတ်ဝန်းကျင်မဟုတ်ဘူး” ၎င်းက ပြောပါတယ်။

မြို့နယ်ပအဖတာဝန်ရှိသူတွေက ရုပ်သံဖိုင်မှာပါဝင်သူတွေကို ဆားလင်းကြီးမြို့နယ်အတွင်းမှာ လိုက်လံမေးမြန်းရှာဖွေပေမယ့် ထန်းပုရွာနဲ့အနီးတဝိုက်ကျေးရွာ ပြည်သူတွေအနေနဲ့လည်း ၎င်းတို့ကို မသိရှိကြဘူးလို့ဆိုပါတယ်။

“ (ပြည်သူတွေက) မဟုတ်ဘဲနဲ့နာမည်ပျက်လို့မကျေနပ်ကြတာလေ ရွာနာမည်ပျက်တယ် မြို့နယ်သိက္ခာကျတယ်ဆိုပြီးတော့ ဒါမျိုးလက်မခံကြဘူး “ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါ ဆားလင်းကြီးမြို့နယ်အတွင်း PDF ကို ဆန္ဒပြတယ်ဆိုတဲ့ရုပ်သံဖိုင်ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆန္ဒပြတယ်ဆိုတဲ့ဖြစ်စဥ်ကို မသိရှိကြကြောင်း ပြောဆိုကြပြီး ဖြစ်စဥ်အပေါ် ဒေသခံတဦးက အခုလို မှတ်ချက်ပြုပါတယ်။

” ကျနော်လည်း ဆားလင်းကြီးနဲ့ ကပ်လျက်ပဲ၊ မကြားမိဘူး။ (ဆားလင်းကြီး) ဒေသခံတွေဆိုရင်တော့ ပသုံးလုံးကို ဆန္ဒပြရင်တောင် ရွေးကောက်ပွဲကိစ္စတော့ ပြောကြမယ် မထင်ဘူး။”

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။