ပေါက်မြို့နယ်က ပျူစောထီးဆိုသူ ၂ ဦး ဖမ်းဆီးခံရ

0 54
0 54

ပခုက္ကူ၊ ဇူလိုင် ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်းပိုင်းရှိ ပျူစောထီးအင်အားကောင်းတဲ့ ပင်တောင်ရွာက ပျူစောထီး တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပခုက္ကူခရိုင်အခြေစိုက် Rocket Fighter ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ ဝန်းကျင် ထွန်းဇော်မင်းနဲ့ ကျော်သူဝင်းတို့ ဖြစ်ပြီး ပျူစောထီးအင်အားရာချီရှိတဲ့ ပင်တောင်ရွာကနေ ပခုက္ကူမြို့နယ်အတွင်းကို ရိက္ခာသယ်ဖို့ထွက်လာချိန် ပခုက္ကူမြို့နယ် တနေရာမှာ ဇူလိုင် ၁၇ ရက် မနက် ၁၀ နာရီလောက်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ အဲ့ဒီရွာက ပျူစောထီးအင်အားက များတယ်၊ သူတို့ကို ကျနော်တို့ ရိက္ခာဖြတ်‌တောက်ထားတယ်၊ သူတို့ ရွာမှာ အခက်အခဲတွေ့နေတာတော့ အမှန်ပဲ၊ ရှေ့လျှောက်လည်း ဒီလိုမျိုး ရိက္ခာဖြတ်တောက် တာတွေ လုပ်နေမှာပါ” လို့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောပါတယ်။

ဖမ်းမိထားသူ ၂ ဦးကို စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ပင်တောင်ရွာမှာ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပြီး ပျူစောထီးတွေကြောင့် ကျန်ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးမှုကို နယ်မြေခံ Freedom Fighter အဖွဲ့က ဦးဆောင်ပြီးတော့ Rocket Fighter နဲ့ နယ်မြေခံမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။