26 July 2026 4:57 PM

တလခွဲကြာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦး သေဆုံးလျှက် တွေ့ရှိ

0 4
0 4

ပုလဲ၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အမျိုးသားတဦးမှာ ရက်ပေါင်း ၄၈ ရက်ကြာ ပျောက်ဆုံးနေပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက် မနက်အချိန်မှာ ဦးခေါင်းပြတ်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ဦးငြိမ်းဝင်း ၄၈ နှစ် ဖြစ်ပြီး၊ သူက ဇန်နဝါရီ ၁၀ ရက် ည ၉ နာရီအချိန်မှာ နေအိမ်က ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ Pale Joker PDF မှသတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“သူက စိတ်မနှံ့ဘူးဗျ။ အိမ်ကနေ သူ့အလိုလို ထွက်သွားတာ။ အဲဒီနေ့ကတည်းက ရှာမတွေ့ တော့တာ။ မနေ့က သူ့ရဲ့အလောင်းကို ကြောင်ဝင်ဒူးရွာရဲ့ချောင်းထဲမှာ ငါးရှာနေတဲ့ကလေး တွေ တွေ့ခဲ့တာ။ အလောင်းမှာက ဦးခေါင်းမရှိတော့ဘူး။ ဦးခေါင်းကို တနာရီနီးပါး ရှာကြည့် သေးတယ်၊ မတွေ့ဘူး။ အဲဒါကြောင့် ညနေလောက်မှာ သင်္ဂြိုဟ်လိုက်တယ်” လို့ ဆိုပါတယ်။

​အလောင်းတွေ့ရှိခဲ့တဲ့နေရာမှာ ​စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တဲ့ ကြောင်ဝင်ဒူးကျေးရွာရဲ့ တောင်ဘက် ချောင်းထဲမှာဖြစ်ပြီး၊ ကြောင်ဝင်ဒူးရွာမှာလည်း စစ်ကောင်စီတပ်စွဲနေတဲ့ ကန့်ဒေါင့်ကျေးရွာနဲ့ ၃ ဖာလုံခန့်သာဝေးတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“အလောင်းကို တွေ့တဲ့နေရာကလည်း စကစတွေ သွားလာတဲ့လမ်းကြောင်းနားမှာ။ အဲလမ်း ကြောင်းက ဒေသခံတွေ သွားလာလေ့မရှိတဲ့ လမ်းကြောင်းပါ။ ငြိမ်းဝင်း ထွက်သွားတဲ့နေ့က စကစတွေ ရွာကို မီးရှို့တဲ့နေ့ပဲဗျ။ စကစတွေ သတ်သွားတာလို့ပဲ ယူဆတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပြီးတော့ ကန့်ဒေါင့်ကျေးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သားတွေမှာ ကြောင်ဝင်ဒူးကျေးရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၃၀ ကျော်ပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကန့်ဒေါင့်၊ ကြောင်ဝင်ဒူး၊ အောင်ချမ်းသာစတဲ့ ကျေးရွာ ၃ ရွာမှာ ရွာနီးစပ်တွေ ဖြစ်ကြပြီး တရွာနဲ့တရွာ ၂ ဖာလုံ၊ ၄ ဖာလုံခန့်သာ ကွာဝေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း သာစည်ကျေးရွာမှ အမျိုးသမီး ညီအစ်မ ၂ ဦးမှာ ကန့်ဒေါင့်ကျေးရွာအနီးမှာရှိတဲ့ မိမိတို့ လယ်ပြင်ထဲကောက်ပဲသီးနှံသိမ်းနေကြချိန် မိုင်းနင်းမိခဲ့တာကြောင့် တဦးမှာ ခြေထောက်တဖက် ပြတ်လိုက်ရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။