10 July 2026 3:54 PM

လက်နက်ကြီး မတော်တဆမှုကြောင့် PDF ၅ ဦး ထိခိုက်ခဲ့ပြီး ၂ ဦးမှာ လက်ဖြတ်လိုက်ရ

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်ရှိ ညောင်ငုတ်တိုရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် လက်နက်ကြီး မတော်တဆမှုဖြစ်ပြီး Doung Ni Defence Force – Wetlet (DNDF)မှ ရဲဘော် ၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်မနက်ပိုင်းမှာ တိုက်ပွဲသွားဖို့ လက်နက်ကြီးအဖူး ထည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်သလို ၅ ဦးအနက် ၂ ဦးကတော့ လက်ဖြတ်လိုက်ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ခံ ဗိုလ်လက်ျာက ပြောပါတယ်။

“အဲဒီအထဲက ၃ ယောက်ကတော့ ပြင်းထန်ဒဏ်ရာ မဟုတ်ဘူး။ ၂ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိပြီး တယောက်က ဘယ်ဘက်လက် လက်ကောက်ဝတ်အထက်က ဖြတ်လိုက်ရတယ်။ ကျန်တယောက်က တတောင်ဆစ်ရဲ့အောက်နားဆီက ဖြတ်လိုက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီရဲဘော်တွေကို ဆေးဝါးကုသဖို့နဲ့ လက်ဖြတ်လိုက်ရတဲ့ ရဲဘော်တွေအတွက်လည်း လက်အတုတပ်ပေးဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တော်လှန်ရေးကို အသက်တွေပေးပြီး လုပ်နေကြတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒီတော်လှန်ရေးကို ဆက်လုပ်မှာပါ။ လက်ရှိအချိန်မှာ ရဲဘော်တွေအတွက် အခက်အခဲရှိတာ ကျန်းမာရေး၊ ငွေရေးကြေးရေး အခက်အခဲရှိပြီး ရဲဘော် ၂ ယောက်ကို လက်အတုတပ်ပေးဖို့ အခက်အခဲဖြစ်နေတာ” လို့ ဗိုလ်လကျာ်က ဆက်ပြောပါတယ်။

ဒီမတော်တဆမှု ဖြစ်တာကြောင့် DNDF တပ်ခွဲ ၃ က ရဲဘော်မိုးကျော် ၄၆ နှစ်၊ ရဲဘော်နေအောင် အသက် ၃၇ နှစ်၊ ရဲဘော်ဝင်းဇော် ၄၇ နှစ်၊ ရဲဘော်မောင်ဇော်က ၄၇ နှစ်နဲ့ ရဲဘော်လှမျိုးဦး ၄၂ နှစ် တို့ထိခိုက်ခဲ့တာ ဖြစ်ပြီး၊ အဲ့ဒီထဲမှာ ရဲဘော်နေအောင်နဲ့ ရဲဘော်ဝင်းဇော် တို့က လက်ဖြတ်လိုက်ရတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။