11 July 2026 2:28 AM

မန္တလေးက တည်ခိုခန်းတခု ဗုံးခွဲခံရလို့ ၉ လအရွယ်ကလေးငယ်နဲ့ မိခင်ဒဏ်ရာရ

0 6
0 6

မန္တလေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

မန္တလေးတိုင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် (၅၀၁)၊ ၈၄လမ်း၊ ၁၀၄ လမ်းနဲ့ ၁၀၄(A)လမ်းကြားရှိ ဒဏ္ဍာရီတည်းခိုခန်း ဗုံးပစ်ခံရတာကြောင့် ၉ လအရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်မနေ့ည ၇ နာရီ ၅၀ မိနစ်ခန့်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ဦးက ဒဏ္ဍာရီတည်းခိုခန်းထဲကို လက်ပစ်ဗုံး ၁ လုံးနဲ့ ပစ်ခတ်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညက ပေါက်ကွဲသံကြားရပြီး တည်းခိုခန်းရှေ့နေတဲ့ သားအမိ ဒဏ်ရာရသွားတာတော့ သိရတယ်။ ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ထိခိုက်သွားတဲ့သူတွေက တည်းခိုခန်းရှေ့က မျက်နှာချင်းဆိုင် အိမ်ရှေ့မှာ ထိုင်နေတဲ့ သားအမိထိသွားတာ” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် တည်းခိုခန်းအတွင်း ကောင်တာရှိ ထိုင်ခုံ ၁ ခုံပျက်စီး၊ Toyota BELTA အမျိုးအစားအနက်ရောင်မော်တော်ယာဉ် ညာဘက်နောက်ခန်း လေကာမှန်ကွဲကာပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၂ နှစ်အရွယ်အမျိုးသမီးနဲ့ သမီးဖြစ်သူ အသက် ၉ လအရွယ် ကလေးငယ်တို့ ဗုံးစထိမှန်ဒဏ်ရာရခဲ့ကာ သူတို့ကို ဒေသလူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ပတ်ဝန်းကျင်နဲ့ တည်းခိုခန်းတာဝန်ရှိသူတွေကို မေးမြန်းစစ်ဆေးတာတွေလုပ်သွားတယ်လို့ သိရပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။