စလင်းကစစ်ရှောင် ၇,၀၀၀ အတွက် ယာယီတဲနဲ့ ဆေးဝါးတွေလိုအပ်နေ (ရုပ်/သံ)

0 8
0 8

စလင်း၊ မေ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိကျေးရွာ ၅ ရွာကစစ်ရှောင်ပြည်သူဦးရေ ၇,၀၀၀ အနေနဲ့ ယာယီတဲနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့ ဆီက သိရပါတယ်။

မေ ၁၁ ရက်မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စု၊ ငါးသန်းခေါင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ စနေချောင်ကျေးရွာ၊ အိုးသည်အုပ်စု၊ အိုးသည်ရွာမ၊ အိုးသည်အရှေ့ကုန်းကျေးရွာ တွေကိုမီးရှို့ခဲ့တာကြောင့်ပြည်သူ ၇,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။

အဆိုပါစစ်ရှောင်တွေဟာနီးစပ်ရာတောတွေထဲသွားရောက်နေထိုင်နေကြရပြီး ယာယီတဲနဲ့ ဆေးဝါးတွေ လိုအပ်နေတာလို့ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ အဆိုပါစစ်ရှောင်တွေကို ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ ကယာယီစခန်းတွေဖွင့်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ နာမကျမ်းအဖြစ်များနေတာတွေကို ဆေးကုသစောင့်ရှောက်ပေးဖို့ ဆေးဝါးလိုအပ်နေပြီး၊ ဆီးချို သွေးချို၊ နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေလည်းအရေးပေါ်လိုနေတယ်လို့သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။