11 July 2026 3:05 AM

ရွှေရောင်ကောင်းကင်ပိုင်ရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန် (ရုပ်/သံ)

0 5
0 5

မြေလတ်အသံ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅။

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဂီတအနုပညာရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။

မာရဇ္ဇ ကွယ်လွန်သွားမှုအပေါ် ဂီတပညာရှင် နိုင်ဇော်၊ အဆိုတော် Rဇာနည်တို့အပါအဝင် ဂီတအနုပညာရှင်အသိုင်းအဝိုင်းကလည်း ၎င်းတို့ရဲ့လူမှုကွန်ယက်တွေမှာ ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။

အဆိုတော် မာရဇ္ဇ ဟာ Rock Own Tune သီချင်းတွေကို ကိုယ်တိုင်ရေး၊ ဆိုခဲ့ကာ ကိုယ်ပိုင်သံစဉ်တွေကိုတန်ဖိုးထားသူတဦးဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

အဆိုတော် မာရဇ္ဇ ကွယ်လွန်တဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ဂီတလောကအတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတခုဖြစ်တယ်လို့ စန္ဒယားပညာရှင် ကိုမင်းသန့်ကပြောပါတယ်။

မာရဇ္ဇဟာ သူ့ရဲ့ ဂီတသက်တမ်း နှစ် ၃၀ ကျော်အတွင်း ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ၊ သေချာပါတယ် စတဲ့ တေးစီးရီးတွေထွက်ရှိခဲ့ပြီး အဲ့ဒီထဲက မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့သီချင်းတွေဟာ လူငယ်တွေအကြား စွဲထင်ရေပန်းစားခဲ့ကာ တကိုယ်တော် Show တွေလည်း ထွက်ရှိထားပါတယ်။

အဆိုတော် မာရဇ္ဇ ကွယ်လွန်မှုနဲ့ နာရေးပြုလုပ်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတေ့ာ မသိရသေးပါဘူး။

အဆိုတော် မာရဇ္ဇဟာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။