ခြိမ်းခြောက်ပြီး မဲပေးခိုင်းတဲ့ မြောင် ရဲစခန်းရှိ မဲရုံကို ဒရုန်းနဲ့ဗုံးကြဲ

0 5
0 5

မြောင်၊ ‌ဒီဇင်ဘာ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ရဲစခန်းအတွင်းရှိ မဲရုံကို ဒီဇင်ဘာ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနေ့က နေ့လယ် ၁၂ နာရီမှာ မြောင်မြို့၊ ရဲစခန်းအတွင်းရှိ မဲရုံ၊ စစ်သားတွေနေတဲ့နေရာနဲ့ ရဲစခန်းအနီး စစ်မှုထမ်းဟောင်းနေရာ စုစုပေါင်း ၃ နေရာကို ဒရုန်း ၃ စီးနဲ့ ဗုံး ၁ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“၁ မဲကို ၂ သောင်းပေးမယ်ပေါ့၊ လာပြီးတော့ ပြောနေတဲ့စခန်းကို ကျနော်တို့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ။ အရင်ရက်တွေက ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်းရှိတယ်၊ အဲ့ဒီပြည်သူတွေရဲ့ မိဘတွေကို ဒီနေ့လာတွေ့ရင်တွေ့၊ မဲပေးရင်ပေး မပေးရင် နောက်ရက်လည်း တွေ့ခွင့်လည်းမပေးဘူး။ သူတို့မိသားစုတွေနဲ့လည်း တွေ့ရမှာလည်းမဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်ပြီး ခေါ်ဆိုတာတွေလည်းရှိတယ်။ အဲ့ဒါတွေကြောင့် ကျနော်တို့က ဗုံးသီးချတိုက်ခိုက်ခဲ့တာ” လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

မဲပုံးတွေချပြီး မဲစတင်ပေးမယ့် နေ့လယ် ၁၂ နာရီခန့်မှာ တိုက်ခိုက်ခဲ့ကာ ရဲစခန်းအတွင်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ လာရောက်မဲမပေးခင်အချိန်ကို ကြိုတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလိုတိုက်ခိုက်ခဲ့တာကြောင့် မဲမပေးနိုင်ကြတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးပေမယ့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ၆၀ မမ နဲ့ပြန်လည်ပစ်ခတ်ရာမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလ္လကပ္ပတိုက်နယ် ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams၊ စစ်ကိုင်းခရိုင်ရင်း ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

သတင်း – ဒိန်းဂျား

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။