12 July 2026 7:11 AM

GTC ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စု လက်နက်ကြီးတွေနဲ့ ပစ်ခံရ (ရုပ်/သံ)

0 4
0 4

ရေစကြို၊ မတ် ၁၀၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးက GTC ကျောင်းမှာ တပ်စွဲထားတဲ့ စစ်‌အုပ်စုကို PDF အဖွဲ့တွေက မတ်လ ၇ ရက်နဲ့ ၉ ရက်တို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group (YRG) အဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းစကတည်းက တပ်စွဲထားပြီး လက်ရှိအင်အား ၃၀ ကျော်လောက်ရှိတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ အဓိကထားပြီး ဖြစ်ခဲ့တာဖြစ်တယ်လို့ YRG တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကျောင်းကိုကျော်ပြီး စစ်သားတွေနေတဲ့ ကင်းဂိတ်နားကိုကျသွားခဲ့ပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ဘယ်တပ်က စစ်သားတွေဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို YRG၊ Southern YSO၊ ဒေါင်းစစ်သည်၊ Shwe Nyar Myae PDF၊ ဒေါင်းညီနောင် PDF၊ ညီနောင်သုံးဖော်၊ Royal PKU Underground အဖွဲ့နဲ့ ပခုက္ကူခရိုင်တပ်ခွဲ (၂) King Cobra တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။