မြေလတ်အသံ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။
စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားတွေကို “နိုင်ငံရေးကောင်းသွားပြီ၊ စစ်မတိုက်ရတော့ဘူး”ဆိုကာ လိမ်လည်ပြီး ရှေ့တန်းသို့ပို့ဆာင်နေတယ်လို့ အာရက္ခတပ်တော်-AA ထံမှာ ဖမ်းဆီခံထားရတဲ့ စစ်ကော်မရှင်တပ်သားက ပြောပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း ပဇီရွာစခန်းတိုက်ပွဲမှာ အာရက္ခတပ်တော်-AA က ဖမ်းဆီးရမိခဲ့တဲ့ ခလရ ၂၅၉ စစ်ကော်မရှင်တပ်သားရဲ့ ပြောဆိုချက်ရုပ်သံမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။
အဲ့ဒီစစ် ကော်မရှင်တပ်သားဟာ စစ်ကော်မရှင်တပ်က အဓမ္မစုဆောင်းခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားဖြစ်ပြီး ငဖဲမြို့နယ်စစ်မြေပြင်ကို ၂၀၂၅ နှစ်ကုန်ပိုင်းမှ ရောက်ရှိလာသူဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ၎င်းနဲ့အတူ သင်တန်းဆင်းလာတဲ့ စစ်ကော်မရှင်တပ်သား ၅၀ ကျော်ကျဆုံးခဲ့ရပြီးနောက် ၎င်းကိုယ်တိုင်လည်းဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။




