မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းက စဥ့်ကူးမြို့ပေါ်နဲ့ လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။
စဥ့်ကူး၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာနဲ့ စဥ့်ကူးမြို့ပေါ်တို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့လယ်မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
စဥ့်ကူးမြို့နဲ့ လက်ပန်လှကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းက တပြိုင်နက်တည်း ဝင်လာပြီးနောက် မြို့အဝင်နဲ့ ကျေးရွာအဝင်ထိပ်တွေမှာတိုက်ပွဲဖြစ်ပြီး ညနေ ၃ နာရီကျော်မှာ စဥ့်ကူးမြို့နဲ့ ညနေ ၄ နာရီလောက်မှာ လက်ပန်လှကျေးရွာတွေကို ပြန်လည်ထိန်းချုပ်သွားနိုင်တာလို့ ဆိုပါတယ်။
“လက်ပန်လှကို စကစ ရသွားတာဟုတ်တယ်။ အခုဆို စဥ့်ကူးမြို့နယ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက် သူတို့ပြန်ရသွားပြီလို့ ပြောလို့ရတယ်။ စစ်ကြောင်းကတော့ ဒီမနက်ထိ ရွာထဲမှာရှိနေသေးတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းထိ စစ်ကော်မရှင်စစ်ကြောင်းနှစ်ကြောင်းဟာ စဥ့်ကူးမြို့ထဲနဲ့ လက်ပန်လှကျေးရွာတွေမှာဆက်ရှိနေပြီး ရှေ့ဆက်စစ်ကြောင်းထိုးလာတာ မရှိသေးဘူးလို့သိရပါတယ်။
တဖက်မှာလည်း သပိတ်ကျင်းကနေထိုးလာတဲ့စစ်ကြောင်းက စဥ့်ကူးနဲ့သပိတ်ကျင်းအစပ် ဇရပ်ကွင်းရွာထိ ရောက်ရှိနေပြီး ဇရပ်ကွင်းနဲ့ လက်ပန်လှအကြားမှာ ရင်ခတ်ပင်၊ ချောင်းကြီး၊ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကံပျို၊ ရှောက်ပင်ရိုး၊ နတ်တောင်ကျေးရွာတွေလောက်သာ ဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားနိုင်တော့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီဇင်ဘာ ၁၈ ရက်မှာ လက်ပန်လှ ကျေးရွာကို ပြန်လည်သိမ်းပိုက်နိင်တာကိုသာဖော်ပြထားပြီး စဥ့်ကူးမြို့သိမ်းနိုင်မှုအခြေအနေကို မဖော်ပြထားဘဲ စဥ့်ကူးမြို့နယ်တခုလုံးကို မကြာခင်သိမ်းယူနိုင်တော့မယ်လို့ ဖော်ပြရေးသားထားကြပါတယ်။

စဥ့်ကူးမြို့နဲ့ လက်ပန်လှကျေးရွာတွေကို ၂၀၂၄၊ ဇူလိုင်လအတွင်းမှာ MDY-PDF နဲ့အတူ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိင်ခဲ့တာဖြစ်ပါတယ်။
အခုနှစ် ဒီဇင်ဘာလ ပထမအပတ်လောက်ကစတင်ပြီး မတ္တရာဘက်ကနေ အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွှေပြည်၊ တောင်အင်းကျေးရွာတွေဘက်ထိရောက်လာခဲ့သလို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ ညောင်ဝန်းကျေးရွာနဲ့ထုံးကြီးကျေးရွာကို သိမ်းယူခဲ့ပါသေးတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် လမ်းတလျှောက်မှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ထားပြီး စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတာမျိုးတွေလည်းရှိနေပါတယ်။

စဥ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းဝင်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်ထိအတွင်းမှာ စစ်ကော်မရှင်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းပစ်ကူတွေ ဆက်တိုက်လုပ်နေလာလို့ ရွေပြည်၊ ညောင်ဝန်း၊ သရော်ပင်၊ ထုံးကြီး၊ တောင်အင်း၊ ကျောက်ငနွား၊ ယက္ကန်းစင်၊ လက်ပန်လှ၊ ရွာတော်လေး တောင်၊ မြောက်အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၅၀,၀၀၀ ကျော်အပါအဝင် မတ္တရာနယ်ဘက်ကနေ စစ်လာရှောင်နေတဲ့ပြည်သူ ၁၀၀,၀၀၀ ကျော်ပါ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း
စဉ့်ကူး၊ မတ် ၁၅၊ ၂၀၂၅။
တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ၆ ဦးအပါအဝင် ၂၇ ဦးသေဆုံးခဲ့တယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။
မတ် ၁၄ ရက်နေ့လယ် ၃ နာရီခန့်က လူစည်ကားတဲ့ကျေးရွာစျေးအနီးကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံးကြဲချခဲ့ရာ စျေးအနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတွေထိခိုက်သေဆုံးခဲ့ကြတာပါ။
“လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ဖြစ်ချင်းကတော့ On the spot, dead body ၁၁ လောင်းပါ။ ကျန်တဲ့သူတွေကတော့ ဆေးဝါးကုသမှုခံယူနေစဥ်မှာဘဲ အသက်ဆုံးရှုံးသွားကြတာတွေပါ။ ကလေးငယ်က ၆ ဦးသေဆုံးထားပါတယ်”လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အောက် ကလေးငယ် ၆ ဦးနဲ့ အမျိုးသား အမျိုးသမီး ၂၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးဝန်းကျင်ထဲမှာလည်း ကလေးငယ်တွေပါဝင်ပြီး ထိခိုက်သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ ကောက်ယူနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လူနေအိမ် ၁၀ လုံး၊ စျေးဆိုင်ခန်း ၂၀ နီးပါးပျက်စီးသွားပြီး ထိခိုက်သေဆုံးသူတွေအများစုက လက်ပံလှရွာသားတွေဖြစ်ပြီး ရွေ့ပြောင်းလုပ်သားတွေနဲ့ခရီးသွားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကိုဆေးကုသပေးနေပြီး ပျက်စီးမှုတွေကိုတော့ ဒေသခံတွေကရှင်းလင်းနေကြကာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် နောက်ထပ်ဗုံးကြဲခံရမှာစိုးရိမ်ပြီး ဒေသခံအချို့ကတော့ ကျေးရွာကနေ ပြောင်းရွေ့နေကြတယ်လို့ ဆိုပါတယ်။
စဥ့်ကူးမြို့နယ်တခုလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး လက်ပံလှကျေးရွာအတွင်းကိုလည်း တော်လှန်ရေးအဖွဲ့တွေ ဖြတ်သန်းသွားလာတာသာရှိကာ တိုက်ပွဲမဖြစ်တာလည်း ၈ လလောက်ရှိပြီလို့ သိရပါတယ်။
ဇန်နဝါရီ ၉ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ကံတောင်ရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃၀ ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP