မြေလတ်အသံ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကတက်လာတဲ့ လွှတ်တော်ထဲမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က တောင်စဉ် ရေမရ ၂ နာရီခွဲခန့် မိန့်ခွန်းတွေပြောခဲ့ပြီး အဲဒီအထဲမှာ စပါးစိုက်ပျိုးရေးကိစ္စကို နားမလည်ပဲ စပါးစေ့များမှ စပါးအထွက်နှုန်းများမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်သူဦးကြီးတယောက်က ဆိုရှယ်မီဒီယာမှာ သူတို့ကြုံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာအကြောင်းကို စပါးနှံလေးကိုပြီး ရှင်းပြခဲ့တဲ့ Video ဖိုင်လေးဟာ လူစိတ်ဝင်စားမှု ရခဲ့ပါတယ်။