စစ်ကိုင်း၊ မေ ၁၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ကို စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ခုခွဲပြီးဝင်လာလို့ ဒေသခံ သောင်းချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မေလ ၁၇ ရက် ဒီမနက် ၄ နာရီလောက်ကစပြီး ခမရ ၃၆၁၊ ခမရ ၃၆၈နဲ့ နယ်မြေခံပျူစောထီး အင်အား ၃၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၄ ကြောင်းက မင်းကုန်း၊ ညောင်ဇင်ကြီး၊ ရွာမ၊ အင်းလယ်ကြီး၊ ရဲဒွေးရွာတွေဘက်ကို ဝင်ရောက်လာနေတယ်လို့ Kanbalu Underground Warriors အဖွဲ့မှ ရဲဘော်အုပ်ကြီးက ပြောပါတယ်။
“စကစ စစ်ကြောင်းတွေက ရှေ့တရက်လောက်ကတည်းက အခြားရွာတွေဘက်မှာ ရောက်နေတာ။ ဒီမနက်အစောပိုင်းမှ ရွာ ၄ ရွာဘက်ကို ဦးတည်လာနေတာ။ စကစ စစ်ကြောင်းတကြောင်းက ရွာတွေကိုလည်း မီးရှို့နေတာရှိတယ်။ ကျန် ၃ ကြောင်းကတော့ မနက် ၁၀ နာရီလောက်ထိ ရွာတွေထဲကို မရောက်သေးဘူး။ စကစ စစ်ကြောင်းလာတော့ ဒေသခံတွေကတော့ အစောကြီးထပြေးနေရတယ်” လို့ ပြောပါတယ်။

ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရချိန်မှာ ရှေ့ရက်တွေက မုန်တိုင်းအရှိန်နဲ့ မိုးရွာသွန်းထားလို့ ချောင်းငယ်တွေ ရေလျှံနေပြီး သွားရေးလာရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွာမ၊ ဘိုတဲကုန်း၊ ဥာဏ်အင်းကျေးရွာတွေကို မီးဝင်ရှို့နေတယ်လို့ သိရပြီး ပျက်စီးဆုံးရှုံးအခြေနေကို မသိရသေးဘူးလို့ ပြောပါတယ်။
“ရှေ့ရက်က မိုးကြောင့် ချောင်းရေတွေလျှံနေတော့ ဒေသခံတွေက ထွက်ပြေးတဲ့နေရာမှာ သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးငယ်တွေအတွက်က တော်တော်အဆင်မပြေဖြစ်ကြတယ်။ ပြေးတဲ့နေရာမှာလည်း အဆင်ပြေမယ်ထင်တဲ့နေရာကို ခြေဦးတည့်ရာပြေးနေရတယ်”လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့သူတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ထန်းကုန်းတိုက်နယ်မှ ချင်မြစ်ကျင်း၊ သိုးဘိုး၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ကောင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း(က)၊ ပေလယ်၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ သပြေသာလေး၊ ဆူးပုတ်ကုန်း၊ ထိန်တော၊ အင်းလယ်ကြီး၊ သရက်တာ၊ ရွာမ၊ဉာဏ်အင်း၊ ညောင်ပေါင်ရင်း၊ ရွာသစ် အစရှိတဲ့ ၁၉ ရွာက ဒေသခံ ၂သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်လာပေမယ့် ဒေသကာကွယ်ရေးတပ်တွေနဲ့ မနက် ၁၀ နာရီကျော်လောက်ထိ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
မေလ ၇ ရက်လောက်ကစပြီး ခမရ ၃၆၁၊ ခမရ ၃၆၈ နဲ့ နယ်မြေခံပျူစောထီးစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မေလ ၇ ရက်နေ့မှာ ချင်မြစ်ကျင်းရွာနဲ့ ထောက်ရှာအိုင်ကျေးရွာ၊ မေလ ၁၀ ရက်နေ့မှာ သိုးဘိုးရွာတို့ကို မီးတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။
စာတည်း- ဇို