ခေါင်ပွဲအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တဲ့ပွဲမှာ သွေးလင်းထက် အမှတ်နဲ့ရှုံးနိမ့် (အားကစားသတင်း)

0 2
0 2

မြေလတ်အသံ၊ နိုဝင်ဘာ ၁၊ ၂၀၂၄။

ယနေ့ညမှာထိုးသတ်သွားတဲ့ ONE Friday Nights 85 မှာ သွေးလင်းထက် နဲ့ ဘရာဇီး တို့ရဲ့ပွဲကို ပြိုင်ပွဲကျင်းပနေချိန်အတွင်း ခေါင်ပွဲအဖြစ်‌ ပြောင်းလဲသတ်မှတ်လိုက်ပြီး မြန်မာပရိသတ်တွေ နောက်ဆုံးပွဲအထိစောင့်ကြည့်လိုက်ကြရပါတယ်။ 

မြန်မာပွဲကုန်ရင် ပျောက်သွားတတ်တဲ့ပရိသတ်အတွက် စီစဉ်လိုက်တာလားဆိုတာ မသိရပေမယ့် ဒီပွဲဟာ ထိုင်းပရိသတ်များပြီးသား ဘရာဇီး နဲ့ အမာခံမြန်မာပရိသတ်များစွာရှိတဲ့ သွေးလင်းထက် တို့ကြောင့် ခေါင်ပွဲ နောက်ဆုံးအချီအထိ ပရိသတ်တွေစောင့်ကြည့်ခဲ့ကြပြီး ONE ရဲ့ပြိုင်ပွဲပုံရိပ်ကို မြှင့်တင်ပေးနိုင်လိုက်တာတော့ သေချာပါတယ်။

ပွဲရဲ့ပထမအချီမှာ ဘရာဇီး က အနိမ့်ကန်ချက်နဲ့တန်းစပြီး အမြင့်ကန်ချက်တွေလည်း သုံးပါတယ်။ သွေးလင်းထက်က ညာထောက်ခြေနဲ့ ညာဖြောင့်လက်သီးသုံး ပွဲကိုအကဲဖတ်ဖို့ကြိုးစားပါတယ်။ ဘရာဇီးဟာ သွေးလင်းထက်ကို အထင်သေးတဲ့ပုံစံမျိုးနဲ့ဖိအားပေးကစားဖို့ကြိုးစားပါတယ်။ လျှက်တပြက် အသုံးပြုတတ်တဲ့ အောက်ခြေကန်ချက်အသုံးပြုလိုက်ချိန်မှာ ခြေထောက်အနည်းငယ်နာသွားပုံရတဲ့ သွေးလင်းထက်ဟာ ညာဖြောင့်လက်သီးနဲ့ တံတောင်ရိုက်ချက်ကိုသာ အားပြုကစားသွားပါတယ်။ ဘရာဇီးကတော့ အမြင့်ကန်ချက်ကို အားကုန်ခံပြီးတော့ကို အသုံးပြုသွားတာ တွေ့ရပါတယ်။

ဒုတိယအချီမှာလည်း ဘရာဇီးက သူအားသာတယ်ထင်တဲ့ ခြေကန်ချက်ကိုသာအားပြုသွားပြီး အနီးကပ်ချိန်တွေမှာ လက်သီးချက်တိကျအောင်‌ အားထုတ်ပါတယ်။ သွေးလင်းထက်လည်း ဝင်ရခက်ပေမယ့် ရတဲ့အချိန်မှာ ထိအောင်ထိုးနိုင်ခဲ့ပါတယ်။ သွေးလင်းထက်အားသာတဲ့ အောက်ခြေသိမ်းကန်ချက်ကတော့ ဘရာဇီးကို မတိုးနိုင်ခဲ့ဘဲ သွေးလင်းထက်အနေနဲ့ ခြေထောက်နာသွားပုံရပြီး အဲ့ဒီကန်ချက်မျိုးကိုဆက်ပြီးသုံးမသွားတော့ပါဘူး။

တတိယအချီမှာလည်း ဘရာဇီးဟာ ဒုတိယအချီမှာထိအောင်ထိုးနိုင်ခဲ့တဲ့ လက်သီးချက်ကို ထပ်မံအားထုတ်အသုံးပြုခဲ့သလို သွေးလင်းထက်ကလည်း လက်ပြန်ရိုက်ချက်တွေ၊ အနီးကပ်လက်သီးချက်တွေ အသုံးပြုခဲ့ပေမယ့် ထပ်ကာထပ်ကာအသုံးပြုနေတဲ့ ဘရာဇီးရဲ့ညာဖြောင့်လက်သီးတချက်ဟာ သွေးလင်းထက်ကိုအမှတ်စဉ်ရေတွက်ခံရစေပါတယ်။ ပွဲပြီးဆုံးခါနီးမှာလည်း ဘရာဇီးဟာ အဲ့ဒီထိုးပေါက်တပေါက်ကိုပဲ အားပြုကစားသွားပြီး အဆုံးသတ်မှာတော့ ဒိုင်အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့အတူ သွေးလင်းထက်ကိုအမှတ်နဲ့ အနိုင်ယူသွားပါတယ်။ 

Photo – SS from One Championships Live.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။