Thai Fight ပြိုင်ပွဲမှာ ဘရော်နီကာ အမှတ်ဖြင့်အနိုင်ရ (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ သြဂုတ် ၄၊ ၂၀၂၄။

ဩဂုတ်လ ၄ ရက် ဒီနေ့ညနေမှာကျင်းပခဲ့တဲ့ Thai Fight မွေထိုင်းပြိုင်ပွဲမှာ ဘရော်နီကာဟာ ပြိုင်ဘက်အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ 

ဖလော်ရန်စီယာဟာ ဘရော်နီကာအတွက် ပြိုင်ဘက်ကောင်းတဦးဖြစ်ခဲ့ပြီး သူ့ရဲ့ခြေကန်ချက်တွေနဲ့ ထောက်လက်သီးတွေ အလုပ်ဖြစ်ခဲ့ကာ ဒုတိယအချီနောက်ဆုံးစက္ကန့်နဲ့ တတိယအချီအစပိုင်းမှာကန်တဲ့ အမြင့်ကန်ချက်တွေက ဘရော်နီကာကို အခက်တွေ့စေခဲ့ပါတယ်။ 

Thai Fight နဲ့ စာချုပ်ပြည့်ဖို့နီးကပ်နေတဲ့ ဘရော်နီကာကတော့ အလဲထိုးအနိုင်ရဖို့ ဦးတည်ခဲ့တာကြောင့် တချို့အချိန်တွေမှာ အချိန်အဆလောကြီးနေသလိုဖြစ်ခဲ့ပေမယ့် ရဲရဲဝင် ရဲရဲထွက်ကစားခဲ့ပြီး ပြင်းထန်တိကျတဲ့လက်သီးချက်တွေ လက်ပြန်ရိုက်ချက်တွေနဲ့ ပြိုင်ဘက်ကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ 

ပွဲပြီးဆုံးချိန်မှာတော့ ထိချက်အသာစီးရယူနိုင်တဲ့ ဘရော်နီကာက အမှတ်နဲ့အနိုင်ရရှိခဲ့ပြီး Thai Fight မှတ်တမ်းမှာ နိုင်ပွဲတပွဲထပ်တိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo – SS from Thai Fight Live.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။