တိုက်နယ်ဆေးရုံမှာ တပ်စွဲနေတဲ့ ကပစ ၁၂ တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့တိုက်ခိုက်

0 64
0 64

မင်းတုန်း၊ ဇူလိုင် ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၁၁ ရက်က တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

တိုက်နယ်ဆေးရုံမှာ သရက်အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ်မှူးအဆင့် ၂ ဦး ဦးဆောင်နေတဲ့ အင်အား ၄၀ ဦးဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေ့လယ် ၁ နာရီ ၂၀ မိနစ်လောက်မှာ ဒရုန်းနဲ့ လက်လုပ် ၆၀ မမ ဗုံးသီး ၂ လုံးကြဲချပြီး နေ့လယ် ၁ နာရီ ၅၀ မိနစ်မှာ လက်လုပ် ၆၀ မမ ဗုံးသီး ၂ လုံးကြဲ ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပထမအကြိမ် ဒရုန်းနဲ့ လက်လုပ် ၆၀ မမ ဗုံးသီး ၂ လုံးကြဲချတယ်၊ ဒုတိယအကြိမ်လည်း ၆၀ မမ ဗုံးသီး ၂ လုံးထပ်ကြဲချတာ၊ တတိယအကြိမ်တိုက်ခိုက်တာမှာ သူတို့ဘက်က Jammer တွေရှိပါတယ်၊ Jammer က ကျနော်တို့ဒရုန်း Error ဖြစ်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တာ”လို့ အမှတ် ၁ စစ်ဒေသပြည်သူ့ကာကွယ်ရေး တပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကိုက ပြောပါတယ်။

ခုလိုတိုက်ခိုက်ဖို့အတွက် မြေပြင်သတင်းပေးတွေဆီကတဆင့် ပစ်ခတ်မယ့်တည်နေရာကိုရရှိပြီးနောက်မှာ ပစ်မှတ်တခုအဖြစ် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တိုက်ခိုက်တဲ့ ပစ်မှတ်ကိုရွေးတဲ့အခါမှာ Scout (ကင်းထောက်)တွေဆီက သတင်းတွေအရ တိုက်ခိုက်ခဲ့တဲ့ အဆောက်အဦဟာ အရာရှိတွေနေတဲ့ နေရာလို့သိရပါတယ်၊ အဲ့ဒီအဆောက်အဦကို ပစ်မှတ်တခုအဖြစ်ရွေးတယ်၊ သူတို့ ဆက်သွယ်ရေးမြောင်းနဲ့ ချိတ်ဆက်ထားတဲ့ဘန်ကာကို ပစ်မှတ်တချက်ရွေးပါတယ်၊ အဲ့ဒီပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်မှုအရ ဒရုန်းမှတ်တမ်းတွေ ပြန်ကြည့်ချက်အရ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တပ်ခွဲ ၁ ခွဲမှူး ဦးဆောင်သော Drone တပ်စိတ်နဲ့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ဦးထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာကနေ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဒေသခံတွေတော့ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယခင်ကျောက်တိုင်ကျေးရွာရဲစခန်းမှာ ၁ နှစ်နီးပါးတပ်စွဲခဲ့ပြီး ကာကွယ်ရေးတပ်တွေရဲ့မကြာခဏတိုက်ခိုက်တာကိုခံရတာကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းက စပြီး
တိုက်နယ်ဆေးရုံမှာ ဆက်သွယ်ရေးမြောင်း၊ ဘန်ကာ၊ သဲအိတ်တွေနဲ့ အခိုင်အမာလုပ်ပြီး တပ်စွဲနေကြတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။