မကွေးမှာ စစ်မှုထမ်းကြေးကောက်တဲ့အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0 115
0 115

မကွေး၊ ဇူလိုင် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ ငါးဆောင်ကျေးရွာကအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်တာဝန်ခံ ကိုကံကြီးမောင်ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၅၅ နှစ်အရွယ် ဘိုဝင်း‌ဌေးဆိုသူဖြစ်ပြီး ဇူလိုင် ၂ ရက် နေ့လယ် ၁ နာရီခန့်က ငါးဆောင်ကျေးရွာနဲ့ ဖိုးပေါက်ကန်ရွာကြားမှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းခုလတတ်နေရာမှာ သေနက်ကျည် ၂ ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ကျနော်တို့ ဦးခေါင်းကို ၂ ချက်ပစ်ခဲ့တာ”လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ် တာဝန်ခံ ကိုကံကြီးမောင်က ပြောပါတယ်။

ဦးဘိုဝင်းဌေးဟာ အုပ်စုဥက္ကဌ၊ ထွေအုပ်စာရေးတွေနဲ့ပူးပေါင်းပြီး စစ်မှုထမ်းကြေးကောက်တာအပြင် ဒေသခံတွေကိုလည်း စစ်မှုထမ်းထဲထည့်တာတွေလုပ်နေတာကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူရွာက ပြည်သူ ၃ ဦးကို အုပ်စုဥက္ကဌ၊ ထွေအုပ်စာရေးတွေပေါင်းပြီးတော့မှ စစ်မှုထမ်းထဲ ထည့်တယ်၊ စစ်မှုထမ်းအတွက်ဆိုပြီး သူတို့က ပိုက်ဆံတွေစုတယ်၊ စုလို့ရတဲ့ ပိုက်ဆံတွေကိုလည်း သူတို့သုံးစွဲကြတာ၊ ဒီရက်ပိုင်းမှာလည်း သူတို့စစ်မှုထမ်းကြေးဆိုပြီးကောက်တယ်၊ သစ်ရာ ကောက်ဗိုလ်လေးရဲ့ ညွှန်ကြားချက်အရဆိုပြီး ၁ အိမ်ထောင်ကို ၂ သောင်းဆိုပြီးကောက်တယ်၊ အဲ့ဒါတွေကြောင့်မလို့ ပစ်ခတ်ရှင်းလင်းခဲ့တာ”လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ငါးဆောင်ကျေးရွာဟာ ငါးဆောင်ကျေးရွာအုပ်စုထဲမှာရှိတဲ့ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိ ကျေးရွာ ၁ ရွာဖြစ်ပါတယ်။

ပစ်ခတ်ပြီးနောက် ဘိုဝင်ဌေးဆီက ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး သိမ်းဆည်းခဲ့ပြီး အလောင်းကိုတော့ အဲ့ဒီနေရာမှာပဲထားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုကို Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်ဖွဲ့)၊ Dragon King People Defence Force (နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်တွင်းကြီး) နဲ့ Taungdwingyi Fighter Force(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ဂွေးတောက်ခုန်ကျေးရွာက အမှုပွဲစားဆိုသူကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။