ကန့်ဘလူမြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီတပ်တွေ မီးရှို့နေ

0 29
0 29

◼ မြို့နယ်အတွင်း စစ်ကြောင်းထိုးသတ်ဖြတ်ခဲ့လို့ ဒေသခံ ၁၁ ဦးသေဆုံးခဲ့

မြေလတ်အသံ၊ ဇွန် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ကရပ်ကွက်တွေကို ဇွန် ၃၀ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၃၀ ရက်ဒီနေ့မနက် ၈ နာရီကျော်မှာ အထက်ပါစစ်ကြောင်းဟာ တဖန်ပြန်ပြီးစစ်ကြောင်းထိုး ဝင်လာရာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ ရန်ကြီးအောင်ရပ်ကွက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါစစ်ကြောင်းဟာ ဇွန် ၂၃ ရက်ကနေ ဇွန် ၂၆ ရက်မနက် ၉ နာရီအထိ ၃ ရက်တာ စစ်ကြောင်းထိုးသတ်ဖြတ်ခဲ့ရာ သပြေသာမှ ဦးအောင်နိုင် ၄၅ နှစ်၊ ဦးလှိုင်ဇာဖာ ၅၀နှစ်၊ ဦးဝင်း ၅၃ နှစ်၊ ဦးတရုတ်ကြီး ၃၅ နှစ်၊ မျိုးထက် ၃၅ နှစ်၊ ဦးသိန်းတိုး ၃၇ နှစ်၊ ကျောင်းကုန်းမှ ဦးမြင့်မောင် ၄၅ နှစ်၊ ဦးမျိုးဆန်း ၄၅ နှစ်၊ ဖိုလ်ကုန်းမှ ဦးချစ်ထူး ၅၅ နှစ်၊ မင်းဘာမှ ဖိုးကူး(ခ)ဇေယာမျိုး ၃၀ နှစ်နဲ့ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။

ဇွန် ၂၄ ရက်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဝင်ရောက်ခဲ့တဲ့ မင်းဘာကျေးရွာမှ အသက် ၃၀ အရွယ် ရွာခံဖိုးကူး (ခ)ဇေယျာမျိုးရဲ့ရုပ်အလောင်း နဲ့ အသက် ၃၀ ခန့်အရွယ် နောက်ထပ်အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဇွန် ၂၆ ရက်ညနေပိုင်းမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“ထပ်တွေ့တဲ့ ၂ လောင်းမှာ ၁ လောင်းက ဘယ်သူမှန်းမသိရသေးဘူးဗျ။ ပျောက်နေတဲ့သူတွေလည်း ရှိပါတယ်။ ၂၆ ရက်ညနေ ရှင်းလင်းရေးဝင်တော့ အဲ့မှာတွေ့တာ။ စုစုပေါင်းအလောင်းက ၁၁ လောင်း ရှိသွားပြီ။ နယ်မြေအခြေအနေက စစ်ကြောင်းနဲ့ရှုပ်နေတော့ တိတိကျကျကိုမသိရသေးတာ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိစစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းနဲ့ ခမရ ၃၆၁ မှဖြစ်တယ်လို့သိရပါတယ်။

အခုလိုစစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဇီးကုန်းမြို့တခုလုံးနဲ့ အနီးဝန်းကျင်းရှိ မင်းဘာ၊ သပြေသာ၊ ဖိုလ်ကုန်း၊ ကျောင်းကုန်းစတဲ့ ကျေးရွာတွေအပါအဝင် ၁၂ ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။