အိမ်ထောင်စုစာရင်းကောက်ယူမှုမှာ စစ်ကိုင်း၊ မကွေး ဒေသအချို့မှ လူဦးရေစာရင်းတွေ မပါဝင်

0 3
0 3

‌မြေလတ်အသံ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်း အချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ရည်မှန်းထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ဒဿမ ၇ ရာခိုင်နှုန်းအထိ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာ ကောက်ယူခဲ့တာလို့ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူရာမှာ ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးသလို၊ ရခိုင်ပြည်နယ်မှာတော့ တပြည်နယ်လုံးရဲ့ ၉၉ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန MOIP က ဆိုပါတယ်။

“သူတို့က ၈၀ ရာခိုင်နှုန်းကျော် ကောက်နိုင်တယ်သာ ပြောနေတာ ကျွန်တော်တို့ ဒေသမှာတော့ ခုချိန်ထိ စာရင်း လာကောက်တာမျိုး မကြားဘူး။ လာလို့လည်း မရဘူး။ ဒီဘက်မှာက နေ့တိုင်းလိုလို ထိတွေ့တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ဖြစ်နေတာ။ ရွေးကောက်ပွဲ လက်မခံတဲ့ ဆန္ဒပြပွဲတွေကလည်း နေ့တိုင်းနီးပါး ပြုလုပ်နေတယ်။ လက်ခံဖို့ အစီအစဉ်လည်း မရှိဘူး” လို့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းမရှိသူများကို အလွတ်ပုံစံနဲ့ ကောက်ယူခဲ့ပြီး အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်အလက်အရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းကျော်အထိ ရှိပါတယ်။

စစ်ကောင်စီဘက်က ကောက်ယူပြီးစီးခဲ့တယ်ဆိုပြီး တိုင်းနဲ့ ပြည်နယ်တွေရဲ့ အိမ်ထောင်စုစာရင်း စုစုပေါင်းကို အတိအကျထုတ်ပြန်တာမျိုး မရှိသေးသလို အိမ်ထောင်စုစာရင်းတွေ ကောက်ယူချိန်မှာလည်း ထိတွေ့တိုက်ပွဲတွေနဲ့ ၊ ပစ်ခတ်မှုတွေနေ့စဉ်နီးပါးဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ ချင်းပြည်နယ် အပါအဝင် ဒေသအတော်များများမှာ လာရောက်စာရင်းကောက်ယူတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။