myaelatt athan

Sharing Information to the Local

ပျူစောထီးဆိုသူ လမ်းလျှောက်ထွက်လာချိန် ပစ်ခတ်ခံရလို့ သေဆုံး

ကျောက်တံခါး၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာက ပျူစောထီးဆိုသူ လမ်းလျှောက်ထွက်လာချိန် ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ သမင်အင်းကုန်းကျေးရွာနဲ့ဒိုးတန်းကျေးရွာလမ်းပေါ်မှာ ပျူစောထီး လှကြိုင် အသက် ၆၅ နှစ်ကျော်ဆိုသူကို ကျောက်တံခါးမြို့နယ် ပကဖအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

“သူက စကစက လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ရာမှာ အားတက်သရောပါဝင်လုပ်ဆောင်နေသလို စကစ ဒေါက်တိုင်သတင်းပေး ပျူတဦးဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့က ရှင်းလင်းလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးလှကြိုင်ဟာ ညာဘက်ပါး၊ ညာဘက်ရင်အုံတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးလှကြိုင်အလောင်းကိုတော့ ဒေသခံတွေ အကူအညီနဲ့ ကျောက်တံခါးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့က ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာမှာ စျေးဆိုင်ဖွင့်ထားတဲ့ ပျူစောထီးခေါင်းဆောင် မင်းအောင်ဆိုသူကို သူ့ကိုယ်ပိုင်စျေးဆိုင်မှာဘဲ ကျောက်တံခါး ပကဖ၊ ဗိုလ်ကျောက်ခဲ မြို့ပြပြောက်ကျားအဖွဲ့တွေက ရှင်းလင်းခဲ့လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီပျူစောထီးခေါင်းဆောင်ရှင်းခံရတာကို လာရောက်စစ်ဆေးတဲ့ တောကျွဲအင်းရဲစခန်းက ရဲကားကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်အပါအဝင် ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။