ကန့်ဒေါင့်နယ်မြေရဲစခန်းကို PLA သိမ်းပိုက်

0 18
0 18

မြေလတ်အသံ၊ ဇွန် ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန် ၁၉ ရက် ဒီမနက် ၆ နာရီ ၄၀ မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်လာပါတယ်။

ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ကို ဇွန် ၂ ရက်မနက် ၄ နာရီခန့်မှာ PLA နဲ့မဟာမိတ်တပ်ပေါင်းစုတို့ စတင်တိုက်ခိုက်ခဲ့ရာကတိုက်ပွဲစတင်ခဲ့ပြီး ၁၇ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

“မနေ့က မနက် ၆ နာရီကတည်းက တိုက်ပွဲ ပြင်း‌‌ထန်နေတာ။ စစ်တပ်ကလည်း အင်အားဖြည့်ပြီး ဇွတ်ကာဖို့လုပ်တယ်။ အင်မထီးကနေ စစ်အင်အားတွေပို့ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် တပ်ရင်းတွေကလည်း ဖြတ်တောက်ရေးတွေလုပ်ထားတယ်။ ဒီမနက်တော့ စခန်းကိုရသွားပြီ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်မံထုတ်ပြန်သွားမယ်လို့ PLA က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်းပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ကန့်ဒေါင့်ရွာနယ် မြေရဲစခန်းဟာ ပုလဲမြို့နယ်အနောက်ခြမ်းက အင်မထီးနဲ့ဇီးဖြူကုန်းရွာတို့ကို ထောက်ပံ့ထားတဲ့ စခန်းဖြစ်ပြီး ပုလဲမြို့နယ်အနောက်ခြမ်းကို တော်လှန်ရေးတပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။