အက်ဆစ်တွေတင်လာတဲ့ စစ်ကောင်စီတွဲကား မိုင်းဆွဲခံရလို့ ပျက်စီး

0 6
0 6

မုံရွာ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦး-မုံရွာကားလမ်းပိုင်းမှာ အက်ဆစ်တွေသယ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တွဲကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုရှိခဲ့တယ်လို့ Area71 PDF Monywa အဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကနေ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုလာတဲ့ အက်ဆစ်တင်ကားကို ၅ လုံးတွဲပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားပေါ်ပါလာတဲ့ အက်ဆစ်ကန်ကြီးပေါက်သွားပြီး အက်ဆစ်တွေ ကားလမ်းပေါ် ယိုဖိတ်နေတာကို တွေ့မြင်လိုက်ရတယ်။ မိုင်းအဆွဲခံရတဲ့ အက်ဆစ်ကားရဲ့ခေါင်းပိုင်း နောက်ဘီးတွေ ပွင့်လျှက်ကြီးနဲ့ အရှိန်မသတ်နိုင်ဘဲ မောင်းသွားတယ်။ ကားမောင်းသူလည်း ထိခိုက်လိမ့်မယ်။ သေ၊မသေတော့ အတည်မပြုနိုင်ဘူး။”လို့ Area71 PDF Monywa မှတာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ အက်ဆစ်တင်ကားမှာ အရှိန်မသတ်နိုင်ဘဲမောင်းသွားရာက မီတာ ၅၀ ခန့်အရောက်မှာ ကားမီးလောင်ခဲ့ကာ ည ၇ နာရီလောက်မှ နမခ ကို ကရိန်းကားနဲ့လာဆွဲသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါအက်ဆစ်တင် ၁၂ ဘီးကားရဲ့ကားနောက်ဘီးတွေကို သံပြားတွေနဲ့ကာထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကားမိုင်းဆွဲခံရပြီးနောက် အဲ့ဒီလမ်းပိုင်းမှာကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တဲ့အပြင် စက်တပ်လေထီးနဲ့ပါ ၂ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးမှ ဖောက်ခွဲရေးအဖွဲ့၊ Area 71 PDF Monywa အဖွဲ့၊ နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့၊ ကမျဉ်းမနီ (K.M.N) အဖွဲ့ တို့ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည် – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။