ဂန့်ဂေါမှာ ကြားကာလပညာရေးစုံညီပွဲတော် ကျင်းပ

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကြားကာလပညာရေးသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးစုံညီပွဲတော်ကို ဒီဇင်ဘာလ ၂၂ ရက်မနေ့ကပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုန့်ကိုက်၊ ထိုင်ခုံလု၊ အိတ်စွပ်၊ အပြေး၊ ဘော်လီဘောစတဲ့ အားကစားနည်း ၉ မျိုးပါဝင်ပြီး ကျောင်းသားကျောင်းသူစုစုပေါင်း ၄၀ ဦးခန့် ပါဝင်ကစားကြတယ်လို့ သိရပါတယ်။

“ကျောင်းသားကျောင်းသူတွေရဲ့ အားကစားစိတ်ဓာတ်ရှင်သန်ဖို့၊ စုပေါင်းလုပ်ဆောင်တတ်တဲ့အမူအကျင့်တွေရဖို့၊ အားကစားစည်းကမ်းကိုလေးစားလိုက်နာတတ်ပြီး အပြင်မှာလည်း ဥပဒေကိုလေးစားတတ်တဲ့ လူငယ်တွေဖြစ်စေဖို့၊ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကလေးတွေ စိတ်ရွှင်လန်းပျော်ပါးစေဖို့ ရည်ရွယ်ကျင်းပဖြစ်တာပါ” လို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်သူ့အစိုးရကိုသစ္စာခံပြီး ကြားကာလပညာရေးကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးတဲ့အတွက်ကျေးဇူးတင်သလို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် NDAA အပါဝင် သံတမန်ရေးအောင်ပွဲတွေနဲ့ NUG&EROs တွေရဲ့ထိုးစစ်တွေကြောင့် စကစ မကြာမီကျရှုံးတော့မှာမို့ ပြည်သူအားလုံးဂရုစိုက်ပြီး အောင်ပွဲကို အတူတူဆင်နွှဲဖို့အားတင်းကြဖို့ကိုလည်း သူကဆက်ပြောပါတယ်။

အဲဒီကျောင်းမှာ အထက်တန်းအဆင့်အထိ ကျောင်းသူကျောင်းသား ၂၀၀ ကျော်ရှိပြီး CDM ဆရာ/ဆရာမ ၁၃ ဦး၊ စေတနာဝန်ထမ်း ၉ ဦးနဲ့ ပညာသင်ကြားပေးနေတာလို့သိရကာ စနစ်သစ်ပုံနိပ်စာအုပ်အခက်အခဲ ရှိနေတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။