ဧည့်စာရင်းလာစစ်တဲ့စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်လို့ ပန်းရံလုပ်သား ၁ ဦးသေဆုံး

0 15
0 15

တောင်ငူ၊ ဇွန် ၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်မှာ ဧည့်စာရင်းဝင်စစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်တဲ့အတွက် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ လက်သမားပန်းရံလုပ်သူ အသက် ၃၅ နှစ်အရွယ်ကိုနောင်နောင်ဖြစ်ပြီး ဇွန် ၇ ရက်ည ၁၀ နာရီကျော်က ညီဖြစ်သူနဲ့နေအိမ်မှာရှိနေချိန် စစ်ကောင်စီအဖွဲ့ဝင်တွေက ခြံအရှေ့ကနေသေနတ်နဲ့ ပစ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။

“သူ့အိမ်ကို မီးနဲ့ထိုးပြီး ခြံတံခါးကိုခေါက်တယ်တဲ့။ သူတို့က ညီအစ်ကိုနှစ်ယောက်တည်းနေတာ။ တံခါးလာခေါက်တော့ ညီလုပ်သူက အကိုရေ တံခါးခေါက်နေတယ်။ အရှေ့မှာလည်း မီးထိုးနေတယ် သွားကြည့်လိုက်အုန်းဆိုတော့ အကိုလုပ်သူကသွားကြည့်တာ။ သူ့ကိုလည်းတွေ့ရော ပစ်ပစ်ဆိုတဲ့ အသံကြားပြီး ပစ်ခံလိုက်ရတာ”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ကိုနောင်နောင်မှာ ဆီးခုံကိုကျည်ထိမှန်ခဲ့ပြီး တောင်ငူဆေးရုံကိုပို့ချိန်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ကိုနောင်နောင်နဲ့ညီဖြစ်သူတို့ဟာ နိုင်ငံရေးနဲ့ပတ်သက်သူတွေမဟုတ်ဘဲ ပန်းရံလက်သမားလုပ်ကိုင်နေထိုင်သူတွေသာဖြစ်တယ်လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

ကိုနောင်နောင်ရဲ့ နာရေးကိုတော့ ဇွန် ၉ ရက်ယနေ့ညနေပိုင်းမှာ နီးစပ်ရာသုသာန်မှာတင် သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုထဲက ဂုန်မင်းအိုင်ကျေးရွာကို ဝင်လာတဲ့စစ်ကြောင်းက ရွာခံလူငယ် ၂ ဦးကိုဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ ဇွန်လ ၆ ရက်ထုတ် အစီရင်ခံစာ အရ ၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇွန်လ ၆ ရက်အထိ စစ်ကောင်စီနဲ့၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးသူ ၆,၇၇၆ ဦးရှိတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။