11 July 2026 5:26 PM

ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာရက်ရက်စက်စက်သတ်ဖြတ် လွှင့်ပစ်သွား

0 0
0 0

မကွေး၊ အောက်တိုဘာ ၁၀၊ ၂၀၂၂။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံဘောရွာမှ အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး တောထဲမှာ လွှင့်ပစ်ထားခဲ့ကြောင်း ရွာခံများထံက သိရသည်။

အဆိုပါ တိုင်းရင်းသူ နှစ်ဦးမှာ မရွှေဇင်ရဲ-မခင်ဝင်း အသက်(၂၁) နှစ်အရွယ် မူကြိုဆရာမနှင့် မိုင်နှောင်ပါလှ အသက်(၁၄) နှစ် တို့ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့ ည၈ နာရီမှာ ရွာအပြန်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ အောက်တိုဘာလ ၉ ရက်နေ့မှာ မှ သေဆုံးနေသည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိရကြောင်း ဒေသခံတွေက ဆိုသည်။

“ဂုတ်ကြီးကနေ ဘုန်းဘောရွာအပြန်လမ်းမှာပျောက်သွားတာ၊ ရွာကအမ်းလမ်းအပေါ်ဘက် တောင်ကုန်းပေါ်ကိုတက်သွားရတယ်။ မပျောက်ခင်က လမ်းမနေကွန်ကရစ်လမ်းအတိုင်းလာပြီးရွာဝင်ဆိုင်းဘုတ်မီးတိုင်နားမှာတွေ့လိုက်တဲ့ရွာသားတွေ ရှိတယ်။ ပြန်တွေ့တော့ လေးရက်အကြာမှာ ပဒန်းဘက်ပြန်အဆင်း ၇ မိုင်လောက်အကွာမြေလတ်ရွာနဲ့ စက်စီရွာကြား လမ်းဘေးဖာလုံဝက်လောက်မှာ တောထဲအလောင်းပဲတွေ့တယ်” ဟု မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောသည်။

မူကြိုဆရာမလေးမှာ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများကိုတွေ့ရပြီး ဓါးဒဏ်ရာ ၁၈ ချက်၊ ညာဖက်လက်ကောက်ဝတ်လှီးဖြတ်ဒဏ်ရာ၊ ရင်သားလှီးဖြတ်ဒဏ်ရာ၊ လည်လှီးဒဏ်ရာများရရှိထားပြီး မိုင်နှောင်ပါလှ အသက်(၁၄) နှစ်မှာ ဓါးဒဏ်ရာ ၁၂ ချက်၊ နှလုံးသားနေရာ၊ တင်ပါးအောက် ပေါင်ထိုးသွင်းဒဏ်ရာ(နစ်ဝင်)၊ ရင်ဘတ်ဓါးမွှန်းဒဏ်ရာ၊ လည်လှီးဒဏ်ရာများ ရရှိထားကြောင်း ဒေသခံတွေက ပြောသည်။

“အငယ်လေးကတော့ အဝတ်အစားမပျက်ဘူး၊ သူတို့အလောင်းတွေနားမှာ တိပ်တွေပါတွေ့ရတယ်။ မသေမချင်းကိုသတ်ဖြတ်ထားတဲ့ပုံစံတွေနဲ့ အတော်ကိုရက်ရက်စက်စက်သတ်ဖြတ်ထားတာပါ” ဟု ဒေသခံတဦးကပြောသည်။

သေဆုံးနေသော ရုပ်အလောင်းများတွေ့ရှိရာ မြေလတ်ရွာနားတွင် တပ်မ (၈၈) က တပ်စွဲထားပြီး အနီးနားရွာများတွင်လည်း အမြောက်တပ်များရှိနေပြီး လက်ရှိအချိန်တွင် ကျူးလွန်သွားသူများကို မသိရသေးကြောင်း ဒေသခံများထံကသိရသည်။

အလားတူ မကြာသေးခင်အချိန်ကလည်း ယင်းမြို့နယ် မထုံးရွာတွင် စုံတွဲတတွဲကို သတ်ဖြတ်ကာ ယောင်္ကျားလေးအား ပီနံအိတ်တွင်းထည့်တောင်အောက်လှိမ့်ချထားခဲ့ရာ အသက်မသေဘဲဆေးကုသမှုခံယူနေရပြီး မိန်းကလေးဖြစ်သူကိုတော့ ရှာဖွေလို့မရသေးကြောင်း ဒေသခံများကဆိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။