နတ်မောက်မှာ စစ်တပ်က နေအိမ်ရှိပစ္စည်းအကုန်ယူပြီးမှ အကြောင်းမဲ့ မီးရှို့သွား

0 1
0 1

မကွေး၊ စက်တင်ဘာ ၅၊ ၂၀၂၂။

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကျောက်အိုးကျေးရွာက အိမ်တအိမ်အတွင်းက ရှိသမျှ အိမ်အသုံးအဆောင် အကုန်ယူပြီးမှ စစ်တပ်က အကြောင်းမဲ့ မီးရှို့သွားခဲ့ပါတယ်။

စက်တင်ဘာ၄ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၈ယောက်က အရပ်သားပြည်သူတွေရဲ့ ဆိုင်ကယ် ၄စီးကို ချောဆွဲလာပြီး ပစ္စည်းတွေသယ်အပြီးမှာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” တရွာလုံးက ပြည်သူတွေ ရွာလုံးကျွတ်လောင်မှာကို စိုးရိမ်ခဲ့ရပါတယ်၊ တချို့ဆို ရှော့ခ်ရပြီး ဆေးကုလိုက်ရတာတွေတောင်ရှိတယ်” လို့ ပြောပါတယ်။

မီးမရှို့ခင်မှာ ပြည်သူတွေဆီက ဖုန်းအားလုံးသိမ်းထားပြီး မီးရှို့ပြီးမှ ပြန်ပေးခဲ့တာလို့ ဆိုပါတယ်၊ မီးမရှို့ခင် တရက်အလိုမှာလည်း ကျောက်အိုးရွာတကျော ပြည်သူတွေဆီက ကြက်နဲ့ အစားအသောက်တွေ အတင်းတောင်းယူတာမျိုးတွေလည်း ရှိခဲ့ပါသေးတယ်။

” စစ်ကြောင်းလာတိုင်း သယ်နိုင်တဲ့ ပစ္စည်းတွေ ဝင်ယူတာမျိုးတွေ ရှိပါတယ်၊ လက်ရှိလည်း စက်တင်ဘာ ၄ရက် ညပိုင်းမှာ ဒီနေ့မီးရှိခံရတဲ့နေအိမ်က ပစ္စည်းတွေ ကားပေါ်မှာတင်ထားပြီး စစ်ဘက်သုံးကားအကြီးတစ်စီးအင်အား ၁၅ ယောက်ဝန်းကျင်လောက်နဲ့ သပွတ်ပင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတာပါ” လို့ ပြောပါတယ်။

အဲ့ဒီအိမ်ကို စစ်တပ်က PDF နဲ့ ဆက်စက်တယ်ဆိုကာ အကြောင်းမဲ့ မီးရှို့သွားခဲ့တာဖြစ်ပြီး အဲ့ဒီအိမ်ရှင်တွေက အိမ်မှာမနေတာ ၃နှစ်ဝန်းကျင်လောက်ရှိပြီလို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီနေအိမ်ကို မီးမရှို့ခင်မှာလည်း ကျောက်အိုးရွာမှာ တပတ်လောက်တပ်စွဲနေထိုင်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်တဲ့အပြင် အတင်းအကြပ်ငွေကြေးတောင်းတာတွေလည်း လုပ်ခဲ့သေးတယ်လို့ ဒေသခံတဦးကပြောပါတယ်။

” ကျောက်အိုးကျေးရွာရဲ့ မီးရှိပြာချ ခံရတဲ့ နေအိမ်မှာ တပ်စွဲတုန်းကလည်း ကျေးရွာတွင်းမှ ပြည်သူများထံမှ အိမ်ထောင်ပရိဘောဂသုံးဖို့ အရံထားတဲ့ ပျဥ်ချပ်သစ်များသိုလှောင်ထားသည်ဟု ဆိုကာ ငွေကျပ် ရှစ်သိန်းလောက် အတင်းအဓမ္မ တောင်းယူသွားကြပါသေးတယ်” လို့ ဆိုပါတယ်။

အိမ်ခြေ၃၀၀ ဝန်းကျင်ရှိတဲ့ နတ်မောက်မြို့ အ‌ရှေ့ခြမ်းက ကျောက်အိုးရွာကို PDF မလာနိုင်အောင် နယ်မြေရှင်းလင်းရေးပုံစံနဲ့ ခဏခဏ စစ်ကြောင်းထိုးခံနေရတဲ့ ရွာတခုဖြစ်ပြီး အဲ့ရွာက ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။