ကျောက်တော်ဒေသခံအိမ်တအိမ်မှ ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံသိန်း ၁၀၀ ခိုးခံလိုက်ရ

0 3
0 3

မြေလတ်အသံ၊ သြဂုတ် ၁၇၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ နေအိမ်တအိမ်မှ ရွှေ ၁၀ ကျပ်သားကျော်နှင့် ပိုက်ဆံ သိန်း (၁၀၀)ကို ယနေ့ဩဂုတ် ၁၇ ရက် ညဥ့် ၁ နာရီကျော်အချိန်ခန့်တွင် ခိုးခံလိုက်ရသည်ဟု သိရသည်။

ခိုခံလိုက်ရသည့်နေအိမ်ပိုင်ရှင်မှာ ဒေါ်ချိုချို ဖြစ်ပြီး၊ ၎င်းမှာ မိခင်၏နာရေး၌ရှိနေစဉ် အဆိုပါပစ္စည်းများကို ခိုးခံလိုက်ရခြင်းဖြစ်သည်။

“ကျမအမေဆုံးလို့ အဲဒီမှာနေနေတာ။ အမေအိမ်က ပြန်လာတော့ တံခါးတွေပွင့်လို့တွေ့ရတယ်။ အိမ်ပေါ်တက်လို့ သေတ္တာကိုကြည့်လိုက်တော့ ခတ်ထားတဲ့လက်ခုပ်သီးတွေ မရှိတော့ဘူး။ သေတ္တာလည်း ပွင့်လို့တွေ့ရတယ်။ ရွှေက ၁၀ ကျပ်သားကျော်တယ်။ ပိုက်ဆံကတော့ သိန်း ၁၀၀ ပါ။ သေတ္တာထဲမှာထည့်ထားတာ၊” ဟုဆိုသည်။

လက်ရှိတွင် ခိုးခံရမှုကို ULA/AAမှ တာဝန်ရှိသူများကို တိုင်တန်းထားသည်ဟု သိရသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင်လည်း ဦးဘသိန်းမောင်၏ နေအိမ်မှ ရွှေ ၉ ကျပ်သားနှင့် ပလက်တီနမ် ၂ ကျပ်သားတို့ ခိုးခံလိုက်ရသည်ဟု သိရသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။