myaelatt athan

Sharing Information to the Local

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညပု၏ သမီးဖြစ်သူ ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေ

0
0

မြေလတ်အသံ၊ မေ ၁၊ ၂၀၂၂။

မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၏ သမီးဖြစ်သူ NLD ဗဟိုတာဝန်ခံ မမိုးဆန်းစုကြည်နှင့် မိသားစုအဆက်အသွယ်မရသည်မှာ ၂ လကျော်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မမိုးဆန်းစုကြည်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင်ခံ ထားရသူဖြစ်သည်။

လက်ရှိတွင် မမိုးဆန်းစုကြည်ကို သာယာဝတီအကျဉ်းထောင်သို့ရွေ့သွားပြီဟု သတင်းကြားရ သော်လည်း သူမနှင့် အဆက်အသွယ်လုံးဝမရသေးဟု အစ်မဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“ညီမရဲ့ အမှုအခြေအနေလည်း မပြောတတ်တော့ဘူး။ ရုံးချိန်းလည်း မသိဘူး။ လောလောဆယ် အဆက်အသွယ် ပြတ်နေပါတယ်။ ရှေ့နေကလည်း သူနဲ့မတွေ့ရဘူး။ မိသားစုတွေက အရမ်းတွေ့ချင်တာပေါ့။ အခုလေ သူမကို သာယာဝတီကို ရွေ့တယ်လို့သတင်းရတယ်။ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူမနဲ့ပတ်သက်လို့ စိတ်မကောင်းရုံကလွဲလို့ ဘာမှမပြောချင်တော့ဘူး”ဟု မကြည်ကြည်ဦးက ပြောသည်။

ဖမ်းဆီးခံရစဉ်က မမိုးဆန်းစုကြည်မှာ ပုဒ်မ ၅၀၅(ခ) အမှုတခုတည်းဖြင့်တရားစွဲခံရခြင်းဖြစ် သော်လည်း ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပုဒ်မ ၁၇(၁) ဖြင့် ထပ်တိုးတရားစွဲခံလိုက်ရခြင်းဖြစ် သည်။

ထပ်တိုးတရားစွဲလိုက်သည့် ပုဒ်မ ၁၇(၁)သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ၃ နှစ်ထက်မပိုသော ပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေ၌ပြဌာန်းထားသည်။

မမိုးဆန်းစုကြည်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်ပြီး၊ လက်ရှိတွင် ဦးညီပုမှာလည်း ၅၀၅(ခ)၊ ပုဒ်မ ၅၁ တို့ဖြင့် စစ်တွေအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များဖြစ်ကြသည့် ဦးညီပု၊ ဦးမင်းအောင်နှင့် ဦးစိုးလေးအပါအဝင် ၄ ဦးတို့မှာ ဖမ်းဆီးတရားစွဲ ခံထားကြရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။