စစ်ကောင်စီဝန်ကြီးချုပ် ဖွင့်လှစ်ခဲ့တဲ့ တိုင်းဒေသကြီး မဏ္ဍပ်လုံခြုံရေးဂိတ်ကို ပဲခူး PDF ဗုံးခွဲတိုက်ခိုက်

0 3
0 3

ပဲခူး၊ ဧပြီ ၁၃၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပဲခူးမြို့က တိုင်းဒေသကြီး ဗဟိုမဏ္ဍပ် လုံခြုံရေး ရဲဂိတ်ကို ပဲခူးခရိုင် PDF က ဒီနေ့ ညနေ ၆နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးမြို့ တပင်ရွှေထီးလမ်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး ဗဟိုမဏ္ဍပ်ဟာ စစ်ကောင်စီကခန့်ထားတဲ့ ဝန်ကြီးချုပ်က ဖွင့်ပွဲလုပ်ခဲ့တဲ့ မဏ္ဍပ်ဖြစ်ပါတယ်။

” သူပြောနေတယ့်အချိန်တော့မဟုတ်ဘူးဗျ၊ ဝန်ကြီးချုပ်ရှိမရှိတော့မပြောတတ်တော့ဘူးဗျ။ ဗဟိုမဏ္ဍပ်ကအစိုးရရုံးနဲ့ထွေအုပ်ရုံးရှေ့မှာပါ၊ ” လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။

လက်ပစ်ဗုံး တလုံး‌ပဲ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ အတည်မပြုနိုင်သေးသလို ရဲဘော်တွေလည်း လုံခြုံတဲ့နေရာရောက်ပြီလို့ ပြောပါတယ်။

” အဲ့ဒီနေရာတွေကအာဏာသိမ်းပြီးထဲကကန့်သတ်နေရာတွေ။ တိုင်းအစိုးရရုံး၊ ဥပဒေရုံး၊ တိုင်းထွေအုပ်ရုံး အဲ့တာပတ်လည်မှာဗျ၊ သင်္ကြန်မဏ္ဍာပ်ကလဲ အရင်လုပ်နေကြနေရာမဟုတ်ပဲ အစိုးရရုံးနဲ့ ထွေအုပ်ရုံးဆေးရုံပတ်လည်လမ်းအပိတ်မှာလုပ်တာ” လို့ ပြောပါတယ်။

NUG အစိုးရ တောင်ပိုင်းတိုင်း‌စစ်ဌာန လက်အောက်မှာရှိတဲ့ ပဲခူးတိုင်း စစ်ဒေသခွဲ ပဲခူးခရိုင် PDF အနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်လုပ်‌ဆောင်လာခဲ့ပြီး နောက်ထပ်လည်း အရှိန်အဟုန်မြင့်လုပ်ဆောင် သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။