myaelatt athan

Sharing Information to the Local

ရဲစခန်းအတွင်း တပ်မတော်နေ့ကျင်းပဖို့ တန်းစီနေတဲ့ စစ်အုပ်စုကို CDF ဝင်တိုက်လို့ ၂ ဦး သေဆုံး

0 1
0 1

မြေလတ်အသံ၊‌ မတ် ၂၈၊ ၂၀၂၂။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနောက်ဘက် ရဲစခန်းမှာ မတ်လ ၂၇ ရက် မနေ့က တပ်မတော်နေ့ကျင်းပပို့ တန်းစီနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး၊ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁၂ နာရီခွဲလောက်ကစပြီး CDF – Kanpetlet က ပြောက်ကျားစနစ်နဲ့ ဝင်ရောက် တိုက်ခိုက်တာဖြစ်သလို စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပြီးဖြစ်ခတ်တာတွေရှိတာကြောင့် ရဲစခန်းအတွင်းမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF – Kanpetlet တာဝန်ခံက ပြောပါတယ်။

“ ကျနော်တို့မြို့ထဲမှာတိုက်ပွဲ ၂ နာရီ နီးပါးဖြစ်တယ်၊ နေ့ခင်း ၁၂ နာရီလောက်ကစဖြစ်တာ၊ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ်၊ မြို့ရဲ့အနောက်ဘက် ရဲစခန်းမှာပဲတိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က‌ ၂ ယောက်ကတော့သေတာအတိအကျဖြစ်မယ်၊ “ လို့ သူကပြောပါတယ်။

မြို့တွင်းကို ဝင်တိုက်တာဖြစ်တဲ့အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ သိရပြီး၊ ကန်ပက်လက်မြိုနယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်ကူညီပေးကြဖို့ CDF – Kanpetlet ကဆက်ပြောပါတယ်။

မတ်လ ၂၆ ရက် မနက် ၁၀ နာရီကလည်း CDF – Kanpetlet တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့ ကန်ပက်လက်မြို့နယ်မှာပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ပွဲအတွင်း မြို့မရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီး၊ ငယ်တွေနဲ့ ကူပစ်ခဲ့တာကြောင့် မြို့တွင်းနေအိမ်အချို့နဲ့ မြို့ပြင်က နေအိမ်အချို့ကို လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်ဆီးခဲ့တယ်လို့ CDF – Kanpetlet ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။