11 July 2026 7:17 AM

ခင်ပွန်းက ဓါတ်ဆီလောင်းမီးရှို့လို့ ဇနီးဖြစ်သူသေဆုံး

0 10
0 10

ကျူးလွန်သူကို ဖမ်းဆီးအမှုဖွင့်ထား

သနပ္ပင်၊ မေ ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ ခင်ပွန်းကဇနီးဖြစ်သူကို ဓာတ်ဆီလောင်းမီးရှို့တဲ့အတွက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အသက် ၁၈ နှစ်အရွယ် မသူသူစံကို မေ ၂၄ ရက်ည ၁၁ နာရီခန့်မှာ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကျော်လင်းသိန်းက ဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကောင်လေးက ကောင်မလေးကို ယခင်ယခင်ကတည်းက မူးရူးပြီးညှင်းဆဲတာတော့ရှိတယ်။ အခုတော့ဘာဖြစ်တယ်ဆိုတာ မသိရဘူး။ သူယောကျာ်းက အရက်သောက်လာပြီး မူးယစ်ပြီး ရိုက်နှက်တာကနေဓာတ်ဆီလောင်းမီးရှို့တာ။ သနပ်ပ္ပင်ဆေးရုံကနေ ပဲခူးဆေးရုံပို့ရတာ။ နောက်တရက်ဆုံးတာ”လို့ ရွာခံတဦးကပြောပါတယ်။

မီးရှို့ခံရတဲ့ဒဏ်ကြောင့် အဆိုပါအမျိုးသမီးမှာ ပေါင်လည်စကာ ခန္ဓာကိုယ်အထက်ပိုင်းတခုလုံး မီးလောင်ဒဏ်ရာတွေရရှိထားပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် မေ ၂၅ ရက်ည ၈ နာရီခန့်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အွန်လိုင်းပေါ်မှာပျံ့နှံ့နေသလို ရည်စားထားလို့ယောကျ်ားဖြစ်သူနဲ့ရန်ဖြစ်ပြီး မီးရှို့ခံရတာမဟုတ်ဘူးလို့လည်း သေဆုံးသူနဲ့နီးစပ်တဲ့အထက်ပါရွာခံက ပြောပါတယ်။

“Facebookမှာ ပျံ့နေသလိုမဟုတ်ပါဘူး။ ရှုပ်ရှုပ်ယှက်ယှက်မရှိဘူး။ ကောင်မလေးကရိုးတာမှ အဖေတခုသမီးတခုပါ။ ရိုးပါတယ်။ သူ့ယောကျာ်းရဲ့ခိုင်းရာနေ စေရာသွားလေးပါ။ ရွာမှာလည်း လာစုံစမ်းလို့ရပါတယ်။”လို့ ဆက်ပြောပါတယ်။

အလောင်းကိုတော့ ကျေးရွာကိုပြန်မသယ်တော့ဘဲ မေ ၂၆ ရက်က ပဲခူးမြို့ရှိ သုဿန်တခုမှာပင် သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူ ကျော်လင်းသိန်းကိုတော့ ဒေသခံတွေကဖြစ်စဥ်ဖြစ်တဲ့ညတွင်းချင်း ဖမ်းဆီးကာ သနပ္ပင်ရဲစခန်းကို အပ်နှံထားပြီး ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) အရ ကနဦးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။