PDF ဒုတပ်ရင်းမှူးဇနီးဖြစ်သူ CDM ရဲတပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်ကပစ်သတ်

ဆော၊ မေ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်PDF အမှတ် ၁၆ တပ်ရင်း ဒုတပ်ရင်းမှူးရဲ့ဇနီးလည်းဖြစ်တဲ့ CDM ရဲတပ်ဖွဲ့ဝင်အမျိုးသမီး စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

သေဆုံးသူမှာ ဒုတပ်ရင်းမှူး ကျော်မင်းသူ(ခ)ကျော်လေးရဲ့ဇနီး မမေသက်ဝေ ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာရှိနေချိန် မေ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်မှာ အင်အား ၈၀ ခန့်ပါ ကျောက်ထုအခြေစိုက် အမတ ၃၆၈ စစ်ကောင်စီတပ်က အဆိုပါကျေးရွာအတွင်း စစ်ကြောင်းထိုးလာစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“ကျနော်တို့လင်မယားအတူရှိနေချိန်မှာ စကစကမထင်မှတ်ဘဲ ဝင်ရောက်လာခဲ့တယ်။ ဝင်ရောက်လာတော့ ကျနော်တို့အတူ ထွက်ပြေးကြတာပေါ့။ အတူထွက် ပြေးတဲ့အချိန်မှာ ကျနော်ကရှေ့ကကျတယ်။ မိန်းမကတော့ နောက်ကနေကျန်ခဲ့တယ်။ စကစပစ်လိုက်တဲ့ကျည်က ပေါင်မှာမှန်တယ်။ ခေါင်းပိုင်းတွေမှာလည်းမှန်တယ်။ အလောင်းတွေ့တဲ့အချိန်မှာပဲ ပြေးတဲ့နေရာကနေ ထိမှန်သွားတာလို့ပဲ ယူဆပါတယ် ။ စကစက ဖမ်းမိလို့ပစ်သတ်တာမျိုးတော့ မဟုတ်ပါဘူး” လို့ ဒုတပ်ရင်းမှူး ကိုကျော်မင်းသူက မြေလတ်အသံကို ပြောပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မမေသက်ဝေရဲ့ရုပ်အလောင်းကို မေ ၂၃ ရက် မနက်ပိုင်းမှာ ဂန့် ဂေါခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်မှူးနဲ့အဖွဲ့က ကံကြီးကုန်းကျေးရွာအနီး ရင့်ရဲကျေးရွာအပြင်ဘက် ရေမြောင်းအတွင်းတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရုပ်အလောင်းကို ထီးလင်းမြို့နယ်၊ ကျေးရွာတရွာမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။

မမေသက်ဝေမှာ CDM အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်သလို ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းရဲ့ စစ်ဦးစီး/စစ်ရေး/စစ်ထောက်တာဝန်ခံအဖြစ် ထမ်းဆောင်နေတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂ နှစ်အရွယ်သား ၁ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်အခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးရဲ့ဇနီး ဦးရေးထောက်တာဝန်ခံ မမေသက်ဝေတို့ ရှိနေခဲ့တဲ့ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာ ကျောက်ထုအခြေစိုက် အမတ ၃၆၈ အမြောက်တပ်ရင်းနဲ့ ၆ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။