ဗန်းမော်တိုက်ပွဲမှာကျဆုံးသွားတဲ့ PDF တပ်ခွဲမှူးရဲ့မိဘတွေကို ကျပ်သိန်း ၅၀ ထောက်ပံ့ (ရုပ်/သံ)

0 2
0 2

ယင်းမာပင်၊ မေ ၂၇၊ ၂၀၂၅။

ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းအခြေစိုက်ယင်းမာပင်ခရိုင် PDF တပ်ရင်း ၂၈ က တပ်ခွဲမှူးရဲ့မိဘတွေကို ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းဆီကသိရပါတယ်။

ကျဆုံးသွားတဲ့ တပ်ခွဲမှူးနိုင်းနိုင်းဟာ မေ ၂၂ ရက်နေ့မှာ ဗန်းမော်တိုက်ပွဲအတွင်းကျဆုံးခဲ့တာဖြစ်ပြီး ကျန်ရစ်သူမိသားစုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်က မေ ၂၆ ရက်နေ့မှာ ငွေကျပ်သိန်း ၅၀ ထောက်ပံ့ခဲ့တာပါ။

တပ်ခွဲမှူးနိုင်းနိုင်းဟာ ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတာဖြစ်ပြီး တပ်ရင်းရဲ့ အားကိုးရတဲ့ စံပြဆုရ ရဲဘော်တဦးဖြစ်တယ်လို့ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ရဲ့တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်ခွဲမှူးနိုင်းနိုင်း အတွက် သက်ပျောက်ဆွမ်းသွပ်ကို မေ ၂၅ ရက်နေ့က တပ်ရင်းအတွင်းမှာ ပြုလုပ်ခဲ့ပြီးသံဃာတော် ၈ ပါးပင့်ဖိတ်ကာ ဆွမ်းကျွေးပြီးတရားနာခဲ့တယ်လို့လည်းသိရပါတယ်။

တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။