အသံတိတ်သပိတ်မလုပ်ဖို့နဲ့ ဆိုင်မပိတ်ဖို့ လိုက်အော်ခဲ့တဲ့ စည်ပင်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရ

0 4
0 4

ပဲခူး၊ ဇန်နဝါရီ ၂၉၊၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရုံးကို ဇန်နဝါရီ ၂၈ရက် ည ၈နာရီခွဲဝန်းကျင်မှာ Black Eagle UG အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

အသံတိတ်သပိတ်မှာ မပါဖို့နဲ့ ဆိုင်တွေဖွင့်ဖို့ စစ်ကောင်စီအလိုကျ လိုက်အော်နေတာကြောင့် အခုလို ပစ်ဖောက်ခဲ့တာလို့ BEUGT အဖွဲ့က ပြောပါတယ်။

“စည်ပင်ဝန်ထမ်းတွေက silent strike နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ VPN တွေမသုံးဖို့နဲ့ PDF တွေနဲ့မပတ်သက်ဖို့ လိုက်အော်နေလို့ပါ” လို့ ‌Black Eagle UG Team က တာဝန်ခံက ပြောပါတယ်။

အဲ့ဒီဖောက်ခွဲမှုကြောင့် ရုံးထိခိုက်မှုရှိခဲ့ပြီး ဒီနေ့မနက်မှာတော့ စည်ပင်ရုံးရှေ့မှာ စစ်ကောင်စီက လုံခြုံရေးချထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့ကနေစပြီး စည်ပင်ရံးကျော်တဲ့ အထိ ဆိုင်ကယ်တွေကို တွန်းပြီးလမ်းလျှောက်သွားခိုင်းနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။