မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၁။
နှမ်းခါးရွာကိုမီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၉ရက် ဒီနေ့မနက် ၁၁နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၇ဦးသေဆုံးခဲ့တယ်လို့ People’s Defence Force-Gangaw Battalion – GB-PDF ဆီကသိရပါတယ်။
အဲ့ဒိတပ်တွေဟာ ဒီနေ့မနက်အစောပိုင်းမှာပဲ နှမ်းခါးရွာကနေအိမ် ၁လုံးနဲ့ မြင်သားရွာက နေအိမ်၁လုံးကို မီးရှို့ဖျက်ဆီးပြီး အပြန် ဂန့်ဂေါမြို့နယ်၊ သားလင်းရွာနဲ့ မြင်သားရွာကြားမှာရှိတဲ့ မြင်သားတံတားမှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ GB-PDFရဲ့တာဝန်ခံက ပြောပါတယ်။
“ ပဒေသာမိုင်းအနည်းဆုံး ၉ လုံးနဲ့ဆွဲလိုက်တာပါ၊အင်အားက ၇၀ လောက်ရှိတယ်၊ သူတို့ဘက်က သေဆုံးတာ ၇ ယောက်ရှိတယ်၊” လို့သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို PDF- GB အပါအဝင် မြင်သားနယ်က PDF အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးPDF – GBအနေနဲ့ ဂန့်ဂေါနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း အားကောင်းကောင်းနဲ့တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။