မန္တလေးမြို့က ငလျင်ကူညီရေးစခန်း အားလုံး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မေလကုန်မှာပိတ်ရမည်

0 15
0 15

မန္တလေး၊ မေ ၂၃၊ ၂၀၂၅။

မန္တလေးမြို့မှာ ငလျင်ကူညီ‌ရေးစခန်းတွေ အားလုံး မေလကုန်မှာ ပိတ်တော့မှာဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူတွေကို စတင်ရွှေ့ခိုင်းနေပြီလို့ မြို့ခံတွေဆီကသိရပါတယ်။

မေလကုန်နောက်ဆုံးထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစားကွင်းတွေက ငလျင် ကူညီရေးစခန်း အားလုံးပိတ်သိမ်းရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ငလျင်ကူညီရေးစခန်းတွေက မန္တလေးမြို့မဟာ‌အောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတွေမှာ လူဦးရေအများဆုံးရှိပြီး စိန်ပန်းရပ်ကွက်မှာတော့ နေအိမ်ပြန်မဆောက်ရသေးတဲ့ လူဦးရေများတယ်လို့သိရပါတယ်။

“အစိုးရဆီက ကူညီရေးကဘာမှသိပ်မရဘူး။ ပုဂ္ဂလိက အလှူရှင်တွေကတော့ လာလှူကြပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက‌ အဆောက်အဦး ဖြိုချတာ၊ ပြန်ဆောက်တာတွေကိုပဲ အစိုးရကစနစ်တကျ ကြီးကြပ်ပေးစေချင်တာ။ အခုကဆောက်ဖို့၊ ပြင်ဖို့ မပြောနဲ့ဖျက်မိန့်မကျလို့ မဖျက်ရသေးတဲ့ အိမ်တွေ အများကြီးရှိသေးတယ်”လို့ ငလျင်ဒဏ်သင့်ပြည်သူတဦးကပြောပါတယ်။

ငလျင်ဒဏ်သင့် အဆောက်အဦး‌ တွေဟာ စစ်ကောင်စီလက်အောက်က စည်ပင်ရဲ့ ခွင့်ပြုချက်ကို ယူရပြီး ဖျက်မိန့်ကျဖို့ကို နီးစပ်ရာကနေ ငွေပေး လာဘ်ထိုးရတာတွေရှိတယ်လို့ မြိုခံတွေကပြောပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ငလျင်တွေကလည်း ဒီနေ့အထိ လှုပ်နေဆဲဖြစ်ပြီး မေ ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့သလို နေအိမ် အဆောက်အဦး ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။