31 July 2026 3:31 AM

ချောက်မြို့ကနေပေါ်တာဆွဲဖမ်းခံရပြီး စစ်မှုထမ်းရသူလူငယ် လက်ပစ်ဗုံး ၂ လုံးယူလာပြီး ဘက်ပြောင်းခိုလှုံ

0 18
0 18

ချောက်၊ မေ ၁၆၊ ၂၀၂၅။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့အခြေစိုက် ခမရ ၁၈ တပ်ရင်းက စစ်မှုထမ်းစစ်ကောင်စီတပ်သား ၁ ဦး မေ ၁၅ ရက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ People Defence Force Chauk သခင်ဖိုးလှကြီးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူမှာ အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်ထူး ဖြစ်ပြီး ခမရ ၁၈ ကနေ ရတခနယ်မြေ မွန်နဲ့ကရင်ပြည်နယ်အတွင်း ရှေ့တန်းနယ်မြေကို ပို့ဆောင်ခံရစဥ် ရန်ကုန်တိုင်း၊ သန်လျင်မြို့အခြေစိုက် ခလရ ၁၃၉ တပ်ရင်းမှာ ယာယီတည်းခိုရချိန် ၎င်းတို့တပ်ဖွဲ့ထံ ရောက်ရှိခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

၎င်းဟာ ချောက်မြို့နယ်ဇာတိဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလအတွင်း ချောက်မြို့ကို စျေး ဝယ်လာရောက်စဥ် စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးနောက် ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့ဆောင်ခံရပြီး စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁၀) မှာ ၂ လခွဲတက်ရောက်ခဲ့ရတာပါ။

ယခုနှစ်ဖေဖော်ဝါရီလအတွင်း သင်တန်းဆင်းပြီးနောက် ဟဲဟိုးမြို့အခြေစိုက် ခမရ ၁၈ ကို ပို့ဆောင်ခံခဲ့ရကာ ရတခနယ်မြေရှေ့တန်းကိုပို့ဆောင်ခံရဖို့ မေ ၉ ရက်မှာ ရန်ကုန်၊ သန်လျင်အခြေစိုက်တပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီကနေတဆင့် ထွက်ပြေးလာနိုင်ခဲ့တာလို့ သိရပါတယ်။

People Defence Force Chauk သခင်ဖိုးလှကြီးတပ်ဖွဲ့ဟာ မကွေးတိုင်း၊ ချောက်မြို့နယ် အခြေပြုတပ်ဖွဲ့ဖြစ်ပြီး လက်ပစ်ဗုံး ၂ လုံး ယူဆောင်ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား ကျော်ထူးကို တပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ထားကာ ၎င်းဟာ တပ်ဖွဲ့ထံပထမဆုံးဘက်ပြောင်းခိုလှုံလာသူဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။