လေယာဉ်ဗုံးကြဲခံနေရတဲ့ ပြည်သူတွေကိုကူညီမယ့် “Lumière” ဓါတ်ပုံပြပွဲ မဲဆောက်မှာ ကျင်းပမယ်

0 16
0 16

မြေလတ်အသံ၊ ဧပြီ ၃၀၊ ၂၀၂၅။

တော်လှန်ဓါတ်ပုံဆရာတွေရဲ့မတူညီတဲ့ဓါတ်ပုံလက်ရာတွေကို ပြသသွားမယ့် “Lumière” Photo Exhibition ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြုလုပ်သွားမယ်လို့ ပွဲစီစဥ်ကျင်းပမယ့် Revography Team ဆီက သိရပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲကို မေလ ၂ ရက်နဲ့ ၃ ရက်တွေမှာ ၂ ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်ဓါတ်ပုံဆရာ ၁၃ ဦးရဲ့ ဓါတ်ပုံ ၂၆ ပုံ ပါဝင်ပြသမှာဖြစ်ကာ ဓါတ်ပုံ ၁ ပုံအတွက် ၃၀၀၀ ဘတ် သတ်မှတ်ရောင်းချသွားမှာလို့ ဆိုပါတယ်။

” Lumière ဆိုတာကတော့ “အလင်း”ပေါ့နော်။ ပြင်သစ်ဘာသာစကားပေါ့ဗျာ။ အခုဖြစ်နေတဲ့ ကိစ္စတွေမှာ တခုခုလေး အလင်းလေးတခုခုပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ ဓါတ်ပုံဆရာတွေကတော့ တချို့လုံခြုံရေးနဲ့ဆိုတော့ ထုတ်မကြေညာထားဘူး။ ဒါပေမယ့် ပြပွဲမှာတော့ သူတို့နာမည်လေးတွေတပ်ထားမယ်ပေါ့။ တချို့တွေလည်း Nickname တွေနဲ့ ပါလာလိမ့်မယ်။ အဓိက ကတော့ ကျနော်တို့ Revography Team မှာပါတဲ့ ဓါတ်ပုံဆရာတွေပါပဲ” လို့ Revohraphy Team မှ အဖွဲ့ဝင် ကိုကျော်ကိုကိုက ပြောပါတယ်။

ဒါ့အပြင် အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်မယ့် Photo Booth ၂ ခု ပြုလုပ်ထားကာ ဓါတ်ပုံ ၁ ပုံကို ဘတ် ၁၀၀၊ ၃ ပုံကို ဘတ် ၂၀၀ နှုန်းနဲ့ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ Revography Team က ဓါတ်ပုံရိုက်ကူးပေးသွားမယ်လို့ ဆိုပါတယ်။

ဓါတ်ပုံပြပွဲကနေ ရရှိလာတဲ့ငွေတွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီကို ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့တွေကနေတဆင့် ပေးပို့လှူဒါန်းသွားဖြစ်တယ်လို့ သိရပါတယ်။

“Lumière” နဲ့ ခြယ်သထားတဲ့ Revographer တွေရဲ့ဓါတ်ပုံလက်ရာတွေကို မဲဆောက်မြို့ရှိ Stardust Studio မှာ မေလ ၂ ရက်ကနေ ၃ ရက်အထိ ၂ ရက်တာ ခင်းကျင်းပြသသွား မှာဖြစ်လို့ “မျက်စိနှင့်ခံစား နှလုံးသားဖြင့်ကူ” နိုင်ဖို့ Revographer Team က ဖိတ်ခေါ်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။