⁩ ⁨စစ်ကိုင်းတိုင်း ၇ မြို့နယ်မှာ စိုက်ပျိုးထားပြီး လယ်ဧက ၂ သိန်း​ကျော် ရေနစ်မြုပ် အများစုပျက်စီးနိုင်

0 1
0 1

စစ်ကိုင်း၊ ဩဂုတ် ၁၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တွေက လယ်ဧက ၂ သိန်းကျော် ရေနစ်မြုပ်နေပြီး အများစုပျက်စီးနိုင်တယ်လို ရွှေဘိုခရိုင်စိုက်ပျိုးရေးတာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ကစတင်ပြီး မူးမြစ်ရေကြီးလို့ ကျေးရွာတွေအပြင် စိုက်ပျိုးလယ်မြေတွေပါ ရေနမြုပ်နေပြီး၊ ရေမြုပ်ကာလ ရက်ကြာလာလို့ မျိုးစပါးခင်း၊ စို​က်ပျိုးပြီးသား စပါးခင်းတွေအပါအဝင် ရာသီပေါ်သီးနှံစိုက်ခင်းတွေလည်း ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

“ရွာမမြုပ်ပေမယ့် သီးနှံစိုက်ခင်းတွေမြုပ်နေတာ။ ရွာတွေမြုပ်နေတာဆိုတော့ အထိခိုက်ပျက်စီးများနိုင်တယ်။ ၅ ရက်လောက်ကြီးဆိုတော့ စပါးတွေမကောင်းနိုင်တော့ဘူး။ အပျက်အစီးအထိခိုက် ၁၀၀ ရာခိုင်နှုန်း ပျက်စီးကြမှာ။ ပြန်လည်ကုစားလို့ မရတော့ဘူး။ အကုန်အသစ်ပြန်စိုက်ရတော့မှာ” လို့ ရွှေဘိုခရိုင် စိုက်ပျိုးရေးတာဝန်ရှိသူတဦးကပြောပါတယ်။

ပုံစာ – သဖန်းဆိပ်ဆည်မှ ရေပိုလွှဲဖောက်ချပြီးနောက် ဒေသခံပြည်သူများ ရေဘေးကြုံတွေ့နေရပုံ

စပါးခင်းအပါအဝင် သီးနှံစိုက်ခင်းတွေရေမြုပ်နေပြီး ပျက်စီးမှုများနိုင်တာကြောင့် အသစ်တဖန်ပြန်စိုက်နိုင်ဖို့ မျိုးစပါး၊ သီးနှံမျိုးစေ့တွေလည်း အလွယ်တကူပြန်ရနိုင်ဖို့ ခက်ခဲနေတာကြောင့် စပါးနဲ့သီးနှံအထွက်နှုန်းတွေ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်တာကြောင့် စပါးခင်းတွေအပါအဝင် ဖရုံ၊ ခရမ်းသီး၊ ဘူးသီး၊ ချဥ်ပေါင်၊ ကန်ဇွန်း၊ ပြောင်းဖူးစိုက်ခင်းတွေလည်းပျက်စီးကြတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့အထိ ရေက သိသိ၊သာသာ ပြန်မကျသေးတာကြောင့် ရေနစ်မြုပ်နေတဲ့ စိုက်ခင်းတွေပြန်မပေါ်သေးဘူးလို့လည်း သိရပါတယ်။

ရွှေဘိုခရိုင်မှာ နှစ်စဉ် မိုးစပါးစိုက်ဧက ၅ သိန်းခန့် စိုက်ပျိုးကြပြီး၊ ရွှေဘိုပေါ်ဆန်းမွှေးဟာ ပြည်တွင်းစျေးကွက်ထဲမှာ စျေးအမြင့်ဆုံးစပါးမျိုးတမျိုးအဖြစ်ထင်ရှားပါတယ်။

ဩဂုတ်လဆန်းပိုင်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ ရေကြေီးမှုကြောင့် စစ်ကိုင်းတိုင်ူအတွင်း လယ်ဧက ၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ရပြီး လက်ရှိအချိန်အထိ ရေပြန်မကျသေးလို့ အပျက်အစီးစာရင်းတွေကိုတော့ ကောက်ယူလို့မရသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ – Chan Myae Oo၊ ဝက်လက် ပကဖ၊ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။