ရဲတပ်ရင်း ၂၈ တပ်ရေးဗိုလ် အောင်နိုင်ဦး ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်ပြီး သေဆုံး

0 114
0 114

ယင်းမာပင်၊ မတ် ၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် အမှတ် ၂၈ လုံခြုံရေးရဲတပ်ဖွဲ့(မုံရွာ) က တပ်ရေးဗိုလ် ၁ ဦး ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ အဲ့ဒီတပ်ဖွဲ့နဲ့နီးစပ်သူဒေသခံတဦးထံက သိရပါတယ်။

သေဆုံးသွားသူမှာ ရဲတပ်ရင်း ၂၈ က တပ်ရေးဗိုလ်တာဝန်ရယူထားသူ ဒုရဲမှူး အောင်နိုင်ဦး ဆိုသူ ဖြစ်ပြီး မတ်လ ၂ရက် ယမန်နေ့မနက် ၁၀ နာရီခန့်မှာ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

“ ရဲတပ်ရင်း ၂၈ တပ်ရေးဗိုလ်၊ သုံးပွင့်တဲ့ နာမည်က အောင်နိုင်ဦးတဲ့။ မနေ့က ၁၀နာရီခန့်က သူ့ကိုယ်သူ နားထင်တေ့ပစ်ပြီး အဆုံးစီရင်သွားတယ်” လို့ ရဲတပ်ရင်း ၂၈ နဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးတပ်ရေးဗိုလ်ရဲ့ နာရေးကို ရဲတပ်ရင်း ၂၈ အတွင်းမှာပဲ ပြုလုပ်ဖို့ပြင်ဆင်နေပြီး ဒီကနေ့နေ့ လယ်ပိုင်းအထိတော့ နာရေးပို့ဆောင်သင်္ဂြိုဟ်တာ မလုပ်ဆောင်သေးဘူးလို့ သိရပါတယ်။

အဆုံးစီရင်မှု ဖြစ်ပွားချိန်မှာ ရဲတပ်ရင်း ၂၈ နဲ့ ထိစပ်နေတဲ့ အုံတုံပင်၊ အောင်မိုး စတဲ့ကျေးရွာတွေကနေ သေနတ်ပစ်သံ ၁ ချက် ကြားခဲ့ရတယ်လို့ အဲ့ဒီကျေးရွာခံတွေက ဆိုကြပါတယ်။

တပ်ရေးဗိုလ် အောင်နိုင်ဦး က ရဲတပ်ရင်း ၂၈ မှာ တာဝန်ကျတာ ၁ နှစ်ကျော်ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်က ရဲတပ်ရင်းအနီးကျေးရွာတွေကို ရဲတပ်ရင်းမှူးရဲ့ ဦးဆောင်မှုနဲ့ စစ်ကြောင်းထိုးရာမှာလည်း ပါဝင်ခဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။