ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ နမခတိုင်းမှူးကို လူမြင်ကွင်းထုတ်ပြ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၅၊ ၂၀၂၃။

ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက်၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် ကို ဇွန်လ ၁၄ ရက်မှာ စစ် ကောင်စီဘက်က လူမြင်ကွင်းကို ထုတ်ပြလာခဲ့ပါတယ်။

ဗိုလ်ချုပ် သန်းထိုက်ဟာ မုံရွာမြို့မှာကျင်းပတဲ့ လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီထံအလင်းဝင်လာတဲ့ PDF တွေကို လက်ခံတာနဲ့ ထောက်ပံ့ပေးတဲ့အခမ်းအနားကို ဇွန်လ ၁၄ ရက် မနေ့က တက်ရောက်ခဲ့တာအပြင် မနေ့တရက်ထဲမှာပဲ နေပြည်တော်ကလာတဲ့ ကစထ ၁၊ ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး တေဇကျော်နဲ့အတူ စစ်ဆေးရုံကလူနာတွေကို သွားရောက်ကြည့်ရှုတယ်လို့ စစ်ကောင်စီထိန်းချုပ်မီဒီယာ မြဝတီမှာ မနေ့ညပိုင်းမှာ ထုတ်ပြန်လာတာပါ။

ဗိုလ်ချုပ် သန်းထိုက် ဟာ စစ်ခေါင်းဆောင်တွေက ခေါ်ဆောင်တာကြောင့် ဇွန်လ ၁၂ ရက်က ရဟတ်ယာဉ်နဲ့ နေပြည်တော်ကို အရေးပေါ်သွားရောက်ခဲ့ရတယ်လို့ နမခနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက မြေ လတ်အသံကိုပြောဆိုပါတယ်။

ပုံစာ – ဇွန်လ ၁၄ ရက်နေ့က စစ်တပ်ထိန်းချုပ်မီဒီယာတွေမှာ ဖော်ပြလာတဲ့ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်။

အဲ့ဒီနောက် တဆက်တည်းမှာပဲ ဗိုလ်ချုပ် သန်းထိုက် ကို နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

“သူ့ကိုနေပြည်တော်က အရေးပေါ်လာခေါ်သွားတယ်ဆိုတာ ကျနော်တို့လည်းသတင်းရတယ်။ စစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်တယ်ပေါ့။ ခုစကစ သတင်းမှာ နေပြည်တော်က ကစထမှူးပါ မုံရွာကို ပါလာတာတွေ့ရတယ်။ တိုင်းမှူးဖမ်းခံရတဲ့သတင်းတွေကြောင့် အောက်ခြေကောင်တွေစိတ်ဓာတ်ကျမှာစိုးလို့ ကိုယ်ရှိန်သတ်တဲ့အနေနဲ့ ပြန်ထုတ်ပြလာတာလို့မြင်တယ်” လို့ CDM တပ်မတော်သား အရာရှိတဦးက ပြောပါတယ်။

ပုံစာ – ဇွန်လ ၁၄ ရက်နေ့က စစ်တပ်ထိန်းချုပ်မီဒီယာတွေမှာ ဖော်ပြလာတဲ့ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်။

ဒါ့အပြင် အဲ့ဒီတိုင်းမှူးအနေနဲ့လည်း သိပ်မကြာခင်ကာလမှာ နယ်ဘက် သို့မဟုတ် အရန်အင်အားကို ပို့ဆောင်ခံရဖို့ အနီးဆုံး အခြေအနေဖြစ်နေပြီလို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နယ်မြေတွေကို စစ်ဆင်ရေး အဓိကကိုင်တွယ်နေရတဲ့ ကစထမှူး၊ စစ်တိုင်းမှူး၊ တပ်မမှူးတွေ မကြာခဏဆိုသလို အနားပေးခံရတာ၊ အရန်အင်အားကိုပို့ဆောင်ခံရတာ၊ နေရာရွှေ့ပြောင်းခံနေရတာနဲ့ စစ်ဆေးခံရမှုတွေရှိနေတာပါ။

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ရဲချုပ်နဲ့ ကစထ ၆ မှူးဟောင်း ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၄ မှူး)ဟောင်း ဒု-ဗိုလ်ချုပ်ကြီး ခင်လှိုင်တို့ အရန်အင်အားကို ပို့ဆောင်ခံခဲ့ရသလို၊ နမခတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဖြိုးသန့် ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် မြတ်သက်ဦးတို့ နယ်ဘက် ဝန်ကြီးဌာနကိုပြောင်းရွှေ့ခံခဲ့ရပြီး၊ တပ်မ ၆၆ တပ်မမှူး ဟောင်း ဗိုလ်မှူးကြီး ကျော်လင်းအောင် အရန်အင်အားကို ပို့ဆောင်ခံခဲ့ရကာ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးကြီး တင်မိုးနိုင် လည်း နေပြည်တော်မှာ စစ်ဆေးခံခဲ့ရပြီးတဲ့နောက် ဦးပိုင်(MEC) ကို ပြောင်းရွှေ့ခံခဲ့ရတာပါ။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။