ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို နှစ်ရက်ဆက် အာဟာရဒါန ကျွေးမွေး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးနယ်က ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရပြီး၊ စားဖို့ခက်ခဲနေလို့ ဇွန်လ ၁၀ ရက်နဲ့ ဇွန် ၁၁ ရက်၊ နေ့လယ်ပိုင်းက ထမင်းဒါနကျွေးမွေး ဖြစ်တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ညောင်ပင်ကြီးရွာမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေနေရပ်မပြန်နိုင်ဘဲဖြစ်နေပြီး၊ လက်ရှိစစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ စားသောက်ရေးနဲ့ နေထိုင်ဖို့အခက်ခဲဖြစ်နေပါတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ မဖူးပွင့်ဝေက မြေလတ်အသံကို ပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ယာယီစစ်ဘေးရှောင်မဟုတ်ဘဲ ရက်ရှည်မယ့်အနေထားမှာရှိနေပါတယ်။ စားသောက်ရေး အခက်ခဲလည်းဖြစ်နေလို့ ကျွေးမွေးဖြစ်တာပါ။ စကစ အနေနဲ့ကလည်း ရွာတွေကို ဆက်တိုက်မီးရှို့နေပါတယ်” သူမက ဆက်ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့၊ ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ညောင်ပင်ကြီး ရဲစခန်းကိုဝင်စီးနင်းတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးတာများလို့ စစ်ကောင်စီတပ်က လေယာဥ်နဲ့ပစ်ကူပေးပြီး၊ ရွာတွေထဲဝင် မီးရှို့နေတာလို့ ဆိုပါတယ်။

ဆားလင်းကြီးနယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို မီးရှို့ဖျက်ဆီးနေသလို ကျေးရွာတွေထဲမှာပဲ တပ်စွဲထားလို့ ညောင်ပင်ကြီး၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အိုမ၊ ရွာရှည်၊ ထန်းတော၊ ပလောင်၊ ဝက်မှေး၊ ကံတော်၊ နှင်းတော၊ သိမ်တောရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေရတာလို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။