စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

0 1
0 1

မန္တလေး၊ ဇွန် ၁၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ စဥ့်ကူးမြိုနယ်က စစ်ဘေးရှောင်နေရတဲ့အိမ်ထောင်စု ၂၀၀ ကို စားနပ်ရိက္ခာတချို့သွားရောက် လှူဒါန်းခဲ့တယ်လို့ ရွှေဘိုမြိုနယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ ထံကသိရပါတယ်။

ဇွန်လ ၉ ရက် နေ့လယ် ၂ နာရီအချိန်မှာ လှူဒါန်းခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေမှာ နေထိုင်စရာမရှိဘဲ တောတောင်တွေထဲမှာဖြစ်သလို နေထိုင်နေရကာ စားဝတ်နေရေးအခက်အခဲတွေရှိတာကြောင့် တနိုင်တပိုင်ထောက်ပံ့ခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကို KJ ကမြေလတ်အသံကို ပြောပါတယ်။

“ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကုန်းလမ်းရေလမ်းကြောင်းမှတဆင့် သွားရောက်လှူခဲ့တာဖြစ်ပြီး၊ အိမ်ထောင်စုတစုကို ဧရာမင်းဆန်တပြည်၊ ပဲဆီသန့် ငါးဆယ်သား၊ ကြက်သွန်နီတပိဿနဲ့ အိမ်ထောင်စု ၂၀၀ အတွက်ကို ထောက်ပံ့ပေးခဲ့တာလို့ ဆက်ပြောပါတယ်။

အဲဒီ စစ်ရှောင်ပြည်သူတွေဟာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ဟသ်ာမရွာ စတဲ့ သုံးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် အိမ်ထောင်စုပေါင်း ၆၀၀ လောက် စစ်ရှောင်နေခဲ့ရတာပါ။

စစ်ရှောင်တွေကိုလှူဒါန်းတဲ့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အမာခံလူ ၁၀ ဦးနဲ့ဖွဲ့စည်းခဲ့ပြီး၊ အခြားမည်သည့် အဖွဲ့အစည်းလက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီအဖွဲ့ဟာ စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအကျဥ်းသား တချို့ကို ထောင်ဝင်စာ ပို့ပေးတာ၊ သား/သမီးတွေအဖမ်းခံရလို့ အိမ်ချိတ်ပိတ်ခံရတဲ့သူကို အိမ်လခ ထောက်ပံတာ ရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ကိုလည်း တတ်နိုင်တဲ့ဘက်က ငွေကြေးထောက်ပံ့ ကူညီနေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။