ဆိပ်ဖြူမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၈,၀၀၀ ကျော်ထွက်ပြေးနေ

0 1
0 1

■ ဒေသခံ ၁၅ ဦးလည်း ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရ

မကွေး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာနဲ့ ညောင်ဂွေးဝကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်မနက် ၇ နာရီမှာ ရွှေဘိုကျွန်းကျေးရွာဘက်ကနေ အင်အား ၅၀ ခန့်နဲ့ထွက်လာတဲ့ စစ်ကြောင်းဟာ ကျောက်ကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အဲ့ဒီကနေတဆင့် ညောင်ဂွေးဝကျေးရွာထဲကို မနက် ၁၀ နာရီခန့်မှာ ဆက်လက်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

“ကျောက်ကြီးမှာတော့ ဘာမှမလုပ်သွားဘူး။ ညောင်ဂွေးဝရွာထဲကို ဝင်လာကတည်းက သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ ပြီးတော့ စျေးဆိုင်တွေမွှေတယ်။ ဆိုင်ကယ် ၂ စီး မီးရှို့တယ်။ ကျန်းမာရေး ကား ၁ စီး မှန်တွေရိုက်ခွဲတယ်။ ရွာအစပ်ရောက်တော့ Battle(တိုက်ပွဲ)ဖြစ်သေးတယ်။ ဆုတ်ပစ်ပစ်ရတာ။ သူတို့ဘက်က အင်အားများလို့။” လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပုံစာ – စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။

ညောင်ဂွေးဝရွာအနီးမှာဖြစ်တဲ့တိုက်ပွဲဟာ မိနစ်ပိုင်းလောက်သာကြာပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေ ဘက်က ထိခိုက်တာမရှိဘဲ စစ်ကောင်စီဘက်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ညောင်ဂွေးဝရွာကနေ ထွက်ခွာသွားတဲ့စစ်ကြောင်းဟာ ညနေ ၅ နာရီကျော်မှာ ညောင်ဂွေးဝကျေးရွာနဲ့ ၅ မိုင်ကျော်ဝေးတဲ့အလယ်စုရွာထဲကိုဝင်ရောက်ပြီး ကျေးရွာထဲက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အဲဒီနောက် အလယ်စုရွာက ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၅ ဦးခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီး ပေါက်နယ်ဘက်ကို ဆက်ထွက်သွားတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပုံစာ – စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။
ပုံစာ – စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။

စစ်ကြောင်းက ဖမ်းဆီးသွားသူတွေကတော့ ဘယ်သူဘယ်ဝါတွေဆိုတာ စိစစ်နေဆဲဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မနက်ပိုင်းထိတော့ ပြန်လွတ်လာတာမရှိသေးပါဘူ။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ၁ ရွာမှာ အိမ်ခြေ ၂၀၀ အထက်ရှိတဲ့ ကျောက်ကြီး၊ ညောင်ဂွေးဝ၊ အင်းကန်၊ သဖန်းတောင်၊ ကင်မွန်းတောင်၊ ရှားတော၊ ကြောင်ဖြူ၊ အလယ်စုအပါအဝင် စုစုပေါင်း ကျေးရွာ ၉ ရွာခန့်က ဒေသခံ ၈,၀၀၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။

စစ်ကြောင်းက ပေါက်မြို့နယ်ထဲကိုရောက်ရှိနေပေမယ့် ပြန်လှည့်လာနိုင်တဲ့အခြေအနေရှိတာကြောင့် ဇန်နဝါရီ ၃၁ ရက်ဒီမနက်ပိုင်းထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာခံတွေက ကျေးရွာထဲကို ပြန်လည်နေထိုင်တာမျိုး မရှိသေးပါဘူး။

ပုံစာ – စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။
ပုံစာ – စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။

၂၀၂၄ ဇူလိုင် ၁၆ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ကျစ်ပြင်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာထဲက ဆိုင်ကယ် ၄ စီးနဲ့ ကျပ်သိန်း ၁၀၀ ကျော်ကိုလည်းယူဆောင်သွားသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။