ကပစ ၂၁ က တပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

0 1
0 1

မကွေး၊ ဇွန် ၂၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းကျေးရွာအခြေစိုက် ကာကွယ်ရေးပစ္စည်း စက်ရုံ – ကပစ ၂၁ မှ တပ်ကြပ်ကြီး ၁ ဦးကို ဇွန်လ ၂ ရက် ဒီမနက်ပိုင်း ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Chauk Guerrilla Force (CGF) ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

ပစ်ခတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက်ဖြစ်ပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာချိန် ချောက်မြို့၊ အမှတ် ၁၀ ဗဟိုကွက်သစ်ကျောင်းအနီးမှာ ဦးခေါင်းကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက ဆိပ်ဖြူမှာနေပြီး ကပစ ၂၁ ကလာတဲ့ ကားတွေကို ဈေးဝယ်ပြီး တင်ပေးရတဲ့တာဝန်နဲ့ နေပြည်တော်ကို လျှို့ဝှက်အရေးကြီးစာရွက်စာတမ်းတွေ ပို့ဆောင်ရတဲ့ တာဝန်ယူပေးရတယ်လို့ သိရတယ်၊ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။

ဆိပ်ဖြူနယ်အတွင်း ကားနဲ့ စျေးလာဝယ်ချိန်မှာ ရှင်းလင်းဖို့ပြင်ဆင်ထားပေမယ့် ကားပေါ်မှာ ပြည်သူတွေပါတာကြောင့် အဲ့ဒီအစီစဥ်ကိုဖျက်ခဲ့ပြီး ဆိုင်ကယ်နဲ့ချောက်မြို့ဘက်ကို ထွက်လာချိန်ကျမှ ပစ်ခတ်ရှင်းလင်းခဲ့တာလည်း ဖြစ်ပါတယ်။

ရှင်းလင်းပြီးနောက် သူ့ဆီကနေ ငွေသား သိန်း ၄၀၊ ဖုန်း ၁ လုံး ထိပ်တန်းလျှို့ဝှက် အရေးကြီးစာရွက်စာတမ်း၊ ဗိုလ်ကြီးရန်နိုင်ရဲ့ ချက်လက်မှတ်၊ ဘဏ်စာအုပ်၊ ATM ကပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Chauk Guerrilla Force (CGF) ၊ People Defense Force Chauk (ချောက် ပကဖ)၊ K.F People Defence Force၊ ဖေကံကောင်း ရေနံချောင်းအဖွဲ့ နဲ့ MVP Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်ကလည်း ချောက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးရုံးနဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို CGF နဲ့ မဟာမိတ်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။